ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် ၃ နှစ်အကြာမှာ မြန်မာစစ်ကောင်စီ ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ‘စစ်ဆင်ရေး ၁၀၂၇’ ကြောင့် သိသာထင်ရှားသော ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ရက္ခိုင့် တပ်တော် (AA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ တအောင်းတပ်ဖွဲ့ (TNLA) တို့နဲ့ ဖွဲ့စည်းထားပါတယ်။

နယ်မြေအသီးသီးမှ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည် သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDFs) တွေကလည်း နယ်မြေတွေ သိမ်းပိုက်၊ ထိန်းချုပ်ဖို့ ထိုးစစ်ဆင်မှုတွေ အရှိန်မြှင့်နေပါ တယ်။ မြန်မာစစ်ကောင်စီကတော့ အာဏာကျစ်လစ်အောင် ဆက်လက်ကြိုးပမ်းနေပြီး အာဏာမြဲဖို့ နည်းဗျူဟာအမျိုးမျိုး အသုံးပြုနေရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ လက်ရှိမှာ စစ် တပ်ရဲ့ မြန်မာနိုင်ငံရှိ နယ်မြေအသီးသီး ထိန်းချုပ်မှုကို ကန့်သတ်ဖို့ လုပ်ဆောင်နေပါတယ်။

NUG ဟာ စစ်တပ်ရဲ့သြဇာကို တန်ပြန်ပြီး တစ်ဖြည်းဖြည်း တိုင်းပြည်တစ်ဝှမ်း အုပ်ချုပ်ရေးထူ ထောင်ဖို့ ရည်ရွယ်ပါတယ်။ အာဏာသိမ်းမှု၊ ပြည်တွင်းစစ်နဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာ့စီးပွား ရေး ကျဆင်းခဲ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ရဲ့ အချက်အလက်တွေအ ရ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင်ပေါင်း ၁ ဒသမ ၈ သန်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါ တယ်။

မြန်မာ့လူဉီးရေ ၅၄ ဒသမ ၇၈ သန်းရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ ခန့်မှန်းချေ ပြည်သူ ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်ရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ ၂၀၂၂ ခုနှစ် အချက်အ လက်က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူ ၁၈ ဒသမ ၆ သန်းဟာ လူသားချင်း စာနာမှု အကူအညီ လိုအပ်နေပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ် (MICB) ခေါ် အရေးပါသော မြန်မာစစ်တပ်ဘဏ်နှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့မယ့် အမေရိကန်အစိုးရ ရဲ့ဆုံးဖြတ်ချက်ဟာ မြန်မာ့စီးပွားရေးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိခဲ့ပြီး ဘဏ္ဍာရေး တည် ငြိမ်မှုအတွက် သိသာသော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။

အကျိုးဆက်တစ်ခုအဖြစ် မြန်မာစစ်တပ်ဟာ ဆိုးရွားသော ဝင်ငွေပြတ်လပ်မှု ကြုံတွေ့နေရပါ တယ်။ ဝင်ငွေဆုံးရှုံးမှုကို ဖြေရှင်းဖို့ စစ်ကောင်စီဟာ ငွေစက္ကူသစ်တွေ ရိုက်နှိပ်ကာ ဘဏ္ဍာရေးစိန်ခေါ်မှု တွေကို ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဝင်ငွေပြတ်လပ်မှုကို ငွေစက္ကူသစ်ရိုက်နှိပ်ပြီး ဖြေရှင်းမှုကြောင့် ငွေ ကြေးဖောင်းပွမှုနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေ ဖြစ်ခဲ့ရပါတယ်။

စစ်တပ်က ဖွဲ့စည်းတဲ့ စစ်ကောင်စီဟာ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေထံမှ ဝင်ငွေ ၂ ရာခိုင်နှုန်း အခွန်ကောက်ခံတာမျိုးလို ပြည်သူ့မူဝါဒတွေ ပြဌာန်းခြင်းအားဖြင့် စီးပွားရေးပြိုလဲမှုကို ဖြေ ရှင်းဖို့ ကြိုးပမ်းနေပါတယ်။ ဝင်ငွေခွန်ဆောင်သူကို နိုင်ငံကူးလက်မှတ်နဲ့ မှတ်ပုံတင်ကတ် သက်တမ်းတိုး ရာမှာ အကျုံးဝင်မယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီရဲ့မူဝါဒကြောင့် ရွှေ့ပြောင်းလုပ်သားတွေဟာ တိုင်းပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးတိုး တက်ဖို့ထက် မြန်မာပြည်သူတွေကို နှိပ်စက်ကလူပြု၊ သတ်ဖြတ်ရာမှာ သုံးစွဲမယ့် ဝင်ငွေခွန်ကောက်ခံမှု ကို ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာပြည်သူတွေရဲ့ ဒုက္ခသုတ်ခတွေဟာ ဒီဝင်ငွေခွန်ကောက်ခံမှုနဲ့တင် မဟုတ် သေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဉပဒေ ပြဌာန်း လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

စစ်မှုထမ်းဉပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ်ရှိ အမျိုးသားတွေ အားလုံးနဲ့ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အထိ အမျိုးသမီးတွေဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ လိုအပ်ပါတယ်။ အဆို ပါစစ်မှုထမ်းဉပဒေဟာ ပြည်တွင်း၊ပြည်ပရောက် မြန်မာလူငယ်တွေရဲ့ အသက်ဘေးအတွက် အန္တရာယ်ရှိ ပါတယ်။ ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရမှာ စိုးရိမ်စိတ်က မလေးရှားနဲ့ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို စိတ်ဒုက္ခပေးခဲ့ပါတယ်။

မလေးရှားအစိုးရကလည်း တိုင်းပြည်ရဲ့ ရွှေ့ပြောင်းဉီးရေကို လျှော့ချဖို့ အထောက်အထားမဲ့ လုပ် သားတွေကို ဖမ်းဆီးနေပါတယ်။ အလားတူ ထိုင်းအစိုးရကလည်း မကြာသေးမီက စစ်မှုထမ်းဉပဒေကို ရှောင်ရှားလာခဲ့တဲ့ မြန်မာ လူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ မြန်မာလူငယ်တွေဟာ ရက်စက် ကြမ်းကြုတ်သောစစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ ငြင်းဆန်တာကြောင့် စစ်တပ်ဟာ စစ်မှုထမ်းဉပဒေ အသက်သွင်းဖို့ အဓမ္မ အင်အား အသုံးပြုလာပါတယ်။

မြန်မာစစ်တပ်ဟာ တစ်လမှာ စစ်မှုထမ်းသူ ၅၀၀၀ ဉီးနှုန်းနဲ့ တစ်နှစ်မှာ ၆၀၀၀၀ အထိ လူသစ် စုဆောင်းဖို့ ရည်ရွယ်ပါတယ်။ ထို့ကြောင့် နယ်မြေသစ်ကို ထွက်ခွာပြီး အလုပ်ရှာနိုင်သူတွေက မြန်မာနိုင် ငံမှ ထွက်ခွာတာကြလို့ ကျွမ်းကျင်လုပ်သားတွေနဲ့ ပညာတတ်မြောက်သူတွေ ရွှေ့ပြောင်းတာကို ရည် ညွှန်းရာမှာ ဖော်ပြသော ဝေါဟာရတစ်ခုဖြစ်တဲ့ ‘ဉီးနှောက်ယိုစီးမှု’ ဖြစ်လာစေပါတယ်။ ဒါပေမယ့် မြန်မာလူငယ်အများစုက ပြည် ပသို့ မထွက်ခွာနိုင်ပါဘူး။

နိုင်ငံကူးလက်မှတ်တစ်ခုရရှိဖို့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၉၀၀ နဲ့ညီမျှတဲ့ ကျပ် ၁၆ သိန်းမှ ကျပ် ၁၉ သိန်းအထိ ရှိတာကြောင့် ထိုင်းလိုမျိုး အိမ်နီးချင်းတိုင်းပြည်တွေကို ထွက်ပြေးခဲ့ပါတယ်။

စစ်တပ်က ပြည်ပနေ အတိုက်အခံတွေကို ပစ်မှတ်ထားတဲ့ နယ်စပ်ဖြတ်ကျော် ဖိနှိပ်မှုတွေ ပြုလုပ်မှာကို မြန်မာရွှေ့ပြောင်းလုပ်သားတွေ အထူး စိုးရိမ်နေကြပါတယ်။ စစ်မှုထမ်းဉပဒေကြောင့် စိုးရိမ်ကြောက်ရွံ့ မှုတွေ ပိုဖြစ်လာခဲ့ပြီး ပြည်ပမှာ ပညာဆည်းပူးနေတဲ့ ကျောင်းသူ/ကျောင်းသားတွေဟာ စစ်မှုထမ်းဖို့ နေ ရပ်မပြန်ရင် ဗီဇာကို သက်တမ်းမတိုးပေးဘူးလို့ ဆိုပါတယ်။

ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယတို့လိုမျိုး အိမ်နီးချင်းတိုင်းပြည်တွေက အပြည်ပြည်ဆိုင်ရာ ဒုက္ခသည် များဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်မပြုတာကြောင့် ပြည်တွင်းဉပဒေတွေကြောင့် တရားမဝင် ရွှေ့ ပြောင်းလုပ်သားတွေ နေရပ်ပြန်ရေး အထောက်အကူပြုစေနိုင်ပါတယ်။

တရားမဝင် ရွှေ့ပြောင်းတွေနဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံရဲ့ ကြောက်မတ်ဖွယ် အခြေအနေတွေကနေ ထွက်ပြေးနေပြီး ဒုက္ခသည် တွေဟာ ခွဲခြားဆက်ဆံမှု၊ ဖမ်းဆီးမှုနဲ့ နှင်ထုတ်မှုတွေကြုံတွေ့ရမှာ စိုးရိမ်မှုနဲ့ နေထိုင်နေရပါတယ်။

မြန်မာဒုက္ခသည်တွေဟာ ဘေးအန္တရာယ်ကင်းကင်း ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်လိုကြပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေဟာ မြန်မာဒုက္ခသည်တွေကို ကာကွယ်ပေးရေးနဲ့ ချမ်းသာသုခဖြစ်ရေး လုပ် ဆောင်ရမှာဖြစ်ပါတယ်။

ဧပြီလ ၈ ရက်ထုတ် Bangkok Post သတင်းစာပါ ဆောင်းပါးရှင် Tual Sawn Khai နဲ့ Aung Myo Htun ရဲ့ ‘Brain drain’ follows military coup ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

#Ayeyarwaddy_Times