ဧရာ၀တီတိုင်းမ်
ဧပြီ ၆ ရက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အနီးရှိ စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) လက်အောက်ခံ စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင် ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း များစွာရရှိခဲ့ကြောင်း KNLA ဗဟို က ယနေ့ ဧပြီ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KNLA နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များသည် စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင် ကို ယမန်နေ့ ဧပြီ ၅ ရက်နေ့ နံနက်၈ နာရီခန့်မှ စတင်၍ တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ခန့်တွင် ဗျူဟာစခန်းအားအပြီးအပိုင် တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗျူဟာကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ၁၂၂ လက်နက်ကြီး နှစ် လက် ၊ ၁၂၀ လက်နက် ကြီး နှစ်လက်အပါအဝင် အခြားလက်နက်ကြီး လက်နက်ငယ်များ၊ ခဲယမ်းကျည်ပစ္စည်းများ မြောက်များစွာသိမ်းဆည်းရရှိခဲ့ကြောင်း KNLA ထံက သိရသည်။

ဓာတ်ပုံ-KNLA
#စစ်ကောင်စီ #စစ်ဗျူဟာအခြေချ #သင်္ဃန်းညီနောင် #KNLA #တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times