ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်

ဧရာ၀တီတိုင်း ၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ၊ ကညင်ချောင်း(မ) ကျေးရွာသို့ မတ်လ၂၈ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ ၀င်များရောက်ရှိလာပြီး ဒေသခံတစ်ဦး၏ ဥယာဥ်ခြံနှင့် ခြံတွင်းဆောက်လုပ်ထားသောအဆောက်အဦးတစ်လုံးကို မီးရိူ့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာ သို့ စစ်ကောင်စီ တပ်ဖွဲ့၀င် ၁၀ဦး စစ်ကြောင်းထိုးရောက်ရှိလာကာ ဒေသခံ ဦသန်းအောင်ပိုင်ဆိုင်သော ခြံတွင် PDFများ ခိုအောင်းနေထိုင်သည်ဟု ဆိုကာမီးရိူ့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ခြံထဲမှာPDFတွေ ရှိတယ်ဆိုပြီး အရင်ရှာဖွေတယ် မတွေ့တဲ့အခါမှာ ခြံထဲမှာရှိတဲ့ သွပ်မိုး ပျဥ်ကာ အဆောက်အဦးအပါအ၀င်သီးပင်၊ စားပင်တွေကို မီးရိူ့ဖျက်ဆီးမှုတွေ ပြုလုပ်သွားတာ လူကိုတော့ဖမ်းဆီးမှုမရှိ ဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့များ၏ ဖျက်ဆီးမှုကြောင့် အဆောက်အဦးတစ်လုံးအပြင် ခြံအတွင်းစိုက်ပျိုးထားသော သီဟိုပင် ၊ ဌက်ပျောပင်များ ပျက်စီးသွားကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီက မီးရိူ့ ဖျက်ဆီးခြင်းသည် ပုသိမ်ခရိုင်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး အမှန်တစ်ကယ်PDFများခိုအောင်းခြင်းရှိ၊မရှိ စောင့်ကြည့်ခြင်းမရှိ​ပဲ မူးယစ်ရမ်းကားကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ခရိုင် တော်လှန်ရေးအင်အားစုများကပြောသည်။

ဖေဖော်ဝါရီလ မှစတင်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ဟံ၀င်းကို ဦးဆောင်ကာ ဟိုင်းကြီး၊ ငါးပြေမ ကျေးရွာများသို့ နှစ်ပတ်လျှင်တစ်ကြိမ် ခန့် ကားလမ်းနှင့် သစ်တောများအတွင်းသို့စစ်ကြောင်းထိုး နေကြောင်း ပုသိမ်ခရိုင်
ပြည်သူ့ကာကွယ်ရေး အဖွဲ့ ထံမှသိရသည်။

#ဟိုင်းကြီးကျွန်း #PDF #စစ်အုပ်စု #မီးရိူ့ဖျက်ဆီး
#Ayeyarwaddy_Times