ဧရာဝတီတိုင်းမ်
(ချင်း)၊ မတ် ၂၈ ရက်

ချင်းပြည်နယ်၊ မတူပီမြို့၊ လောင်ဗန်းရပ်ကွက်မှ အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်၊ HnahThial မြို့တွင် စစ်ဘေးရှောင်နေသော ဆလိုင်း ထန်းလျန်(၁၃)နှစ်သည် ယမန်နေ့၊ မတ်လ ၂၇ ရက်နေ့၊ နံနက် ၁၁ နာရီခန့်က ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ရေနစ်သေဆုံးသွားသော ဆလိုင်းထန်းလျန်သည် HnahThial မြို့အနီးချောင်းတွင် သူငယ်ချင်းတစ်ဦးနှင့်အတူ ရေချိုးနေစဥ် ရေနစ်သေဆုံးခြင်းဖြစ်ပြီး ယနေ့၊ မတ် ၂၈ ရက်နေ့တွင် မြေမြှုပ်သင်္ဂြိုဟ်မည်ဖြစ်ကြောင်းနီးစပ်သူများထက သိရသည်။

“သူ့အမေက အလုပ်ခွင်သွားနေတုန်း သူ့မောင်နှမတွေနဲ့အတူ အိမ်စောင့်ဖို့ မှာထားတာ။ နေ့ခင်းဘက်ရောက်တော့ သူ့သူငယ်ချင်းတွေနဲ့ ချောင်းမှာ ရေချိုးဖို့ အတူသွားရင်း ရေနစ်ပြီး ဆုံးသွားတယ်။ သူ့သူငယ်ချင်းက ကယ်ပေမယ့် အချိန်မမီလိုက်ဘူးလို့ သိရတယ်” ဟု HnahThial မြို့၊ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆလိုင်းထန်းလျန်သည် ယခင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီအတွင်းက မီဇိုးရမ်ပြည်နယ်ဘက်သို့ စစ်ဘေးရှောင်လာခဲ့ပြီး မီဇိုးရမ်ပြည်နယ်တွင် ရေနစ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ငါး ဦးခန့်သေဆုံးနေပြီဖြစ်ကြောင်း မြန်မာစစ်ဘေးရှောင်ကော်မတီထံက သိရသည်။

ပုံစာ-ရေနစ်သေဆုံးသွားသော ဆလိုင်းထန်းလျန်

#မီဇိုးရမ် #ရေချိုးနေသော #စစ်ဘေးရှောင်ကလေးတစ်ဦး #ရေနစ်သေဆုံး #Ayeyarwaddy_Times