မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၂၈ ရက်

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်ရှိ စစ်ကောင်စီ၏ အရေးပါသည့် စခန်းများဖြစ်သည့် လောမွန်တပ်ရင်း နှင့် လောဒန်တပ်ရင်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ မှ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ် ၂၇ ရက်နေ့ (၇၉) ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်း ခုနစ် ခုကို KIA နှင့်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လောမွန်တပ်ရင်းနှင့် လောဒန်တပ်ရင်း တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“မနက် ၇ နာရီကစပြီး တိုက်ပွဲပြင်းထန်နေတာ။ လေ ကြောင်းပစ်ကူလည်း တောက်လျှောက်လာတယ်။ မနေ့ကတည်းက တပ်စခန်းနှစ်ခုကို သိမ်းလိုက်နိုင်တာ ပါ။ အခုကျန်နေတဲ့တပ်စခန်းတွေကို ဆက်တိုက်နေပါ တယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မတ် ၇ ရက်နေ့ကစတင်ခဲ့သည့် တိုက်ပွဲများတွင် ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း များကို KIA နှင့်ပူးပေါင်းတပ်များက တပြိုင်နက်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်း အနည်းငယ်သာကျန်ရှိတော့ ကြောင်း သိရသည်။

ထို့အပြင် မတ် ၂၆ ရက်နေ့ကလည်း မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောရှိ စစ်ကောင်စီ၏ ခမရ -၃၈၇၊ ခမရ-၃၂၀ တပ်ရင်းစခန်းနှင့် ကုန်းလောတာဝါတိုင်ကုန်း၊ လုံဂျာဘွမ် ဆုတောင်း တောင်စခန်းတို့ကိုလည်း KIA ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပုံစာ- စစ်မြေပြင်ရှိ KIA ရဲဘော်

#ကချင် #ဗန်းမော် #လွယ်ဂျယ် #စစ်ကောင်စီ #တပ်စခန်း၂ခု #လောဒန် #လောမွန် #KIAပူးပေါင်းအဖွဲ့သိမ်းပိုက် #Ayeyarwaddy_Times