ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်

ယခုတစ်ပတ်အတွင်းပြည်တွင်းအကယ်ဒမီအခေါက်ရွှေဈေးနှုန်း တစ်ကျပ်သားလျှင် ကျပ်နှစ်သိန်းကျော် ထိမြင့် တက်လာပြီး အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ ဆက်တိုက်မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရသည်။

ယနေ့ မတ် ၂၈ ရက်နေ့ဈေးကွက်ပိတ်ချိန်တွင်ပြည်တွင်း အကယ်ဒမီအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၄,၄၀၀,၀၀၀ သိန်းရောက်ရှိသွားကြောင်းသိရသည်။

ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ ကန်ဒေါ်လာ ၂၂၁၅ ဖြင့် ဈေးကွက်ပတ်ပြီး အတက်အကျရှိကြောင်း စုံစမ်းသိရသည်။

နိုင်ငံခြားငွေလဲလှယ်ဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၈၂၀ ၊ ထိုင်းတစ်ဘတ်လျှင် ၁၀၆ ကျပ်၊ တရုတ်တစ်ယွမ်လျှင် ၅၁၈ ကျပ်ပေါက်ဈေးရှိကြောင်း စုံစမ်းသိရသည်။

“ရွှေဈေးတက်တော့ ရွှေမဝယ်ကြဘူး။ တချို့ဆိုင်တွေအရောင်းပိတ်ထားတာရှိတယ်။ အဲဒီတော့ဒေါ်လာ ဘက်လှည့်ကြတယ်။ ဒေါ်လာဈေးတက်တယ်။ ဘတ်ဈေးက ပိုတက်နေတယ်” ဟု ငွေလဲလုပ်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းထားဈေးနှုန်းမြင့်တက်နေသဖြင့် အရောင်းအဝယ်ပြုရာတွင် သတိထားရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မတ် ၂၁ ရက်နေ့တွင် ပြည်တွင်းအကယ်ဒမီအခေါက်ရွှေဈေးနှုန်းသည် တစ်ကျပ်သားလျှင် ကျပ် ၄,၁၆၀,၀၀၀ တစ်ပတ်အတွင်းကျပ် နှစ်သိန်းကျော်မြင့်တက်လာခြင်းဖြစ်သည်။

ထို့ပြင်အမေရိကန်ဒေါ်လာဈေးနှုန်းသည် မတ် ၂၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၃၇၂၀ ရှိရာမှတစ်ပတ်အတွင်း တစ်ရာကျော်မြင့်တက်လာကာ ထိုင်းဘတ်ဈေးသည် တစ်ဘတ်လျှင် ၁၀၃ ကျပ်ရှိရာမှ တစ်ပတ်အတွင်း သုံးကျပ်မြင့် တက်လာခြင်းဖြစ်သည်။

ယင်းပြင်တရုတ်ယွမ်ဈေးနှုန်းသည် တစ်ယွမ်လျှင် ကျပ် ၅၀၈ ကျပ်ရှိရာမှတစ်ပတ်အတွင်း ၁၀ ကျပ်ဈေးမြင့် တက်လာကြောင်း ငွေလဲလှယ်သူများထံမှ စုံစမ်းသိရသည်။

မတ် ၂၂ ရက်နေ့၌ နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ငါးသန်း နှင့် ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ရွှေဈေး #နိုင်ငံခြားငွေ #ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် #Ayeyarwaddy_Times