
ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်
ပဋိပက္ခ၊ ရာသီဥတုပြောင်းလဲမှုနဲ့ ထိုင်းနဲ့မလေးရှာလိုမျိုး တိုင်းပြည်တွေမှာ လုပ်ခနည်းလုပ်အား လိုအပ်ချက်ဟာ အာဆီယံဒေသမှာ လူကုန်ကူးမှုများလာစေတယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ် မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာသစ်တစ်ခုအရ သိရပါတယ်။
မြန်မာအပြင် အာဆီယံဒေသနဲ့ အခြားပြင်ပဒေသတွေက ထောင်နဲ့ချီတဲ့လူတွေဟာ နှစ်စဉ် အင်ဒို နီးရှား၊ မလေးရှားမှတစ်ဆင့် လူကုန်ကူးခံနေရတယ်လို့ ယနေ့ထုတ်ပြန်တဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံ စာမှာ UNODC က ပြောပါတယ်။
UNODC က အစီရင်ခံစာအတွက် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအခြေချသူ ၄၇၈၅ ဦးကို စစ်တမ်းပြုလုပ်ခဲ့ရာ ၈၃ ရာခိုင်နှုန်းက လူမှောင်ခိုကူးခံရတယ်လို့ ပြောပါတယ်။
၎င်းတို့ဟာ အဂတိလိုက်စားမှု ကြုံတွေ့ခဲ့ရပြီး လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ၊ ရဲနဲ့ စစ် တပ် အပါအဝင် အာဏာပိုင်တွေကို လာဘ်ပေးခဲ့ရတယ်လို့ မှောင်ခိုကူးခံရသူ လေးဦးမှာတစ်ဉီးက ပြော ပါတယ်။
ပဋိပက္ခကြောင့် ထွက်ပြေးသူအများစုက ရိုဟင်ဂျာမူဆလင်တွေ အပါအဝင် မြန်မာနိုင်ငံမှ အများ စုဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
၂၀၁၇ ခုနှစ်အတွင်း စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှု စတင်တဲ့အခါ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး အဆိုပါဖြစ်စဉ်ကို ယခုအခါ လူမျိုးသုဉ်းသတ် ဖြတ်မှုတစ်ခုအဖြစ် စုံစမ်းစစ်ဆေးနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာမှ ရိုဟင်ဂျာများစွာဟာ အရှေ့တောင်အာရှဒေသသို့ အန္တရာယ်ကင်းစွာ ရောက်ရှိနိုင်ရေး မျှော်လင့်ချက်နဲ့ အန္တရာယ်များသော ပင်လယ်ပင်ရေလမ်းခရီးကို ဖြတ်ကျော်သွား ရောက်မှု မြင့်တက်နေချိန်မှာ အခုလို အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။
ကိုးကား – Aljazeera
Ref; Conflict, climate, corruption drive Southeast Asia people trafficking: UN