ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

လာမယ့်အပတ် ချင်းမိုင်ခရီးစဉ်အတွင်း အခွင့်အရေးရပါက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ တွေ့ဆုံနိုင်တယ်လို့ ဝန်ကြီးချုပ်ဆေထာ ထဝီဆင်က အရိပ်အမြွက် ပြောပါတယ်။

ဆေထာ ထဝီဆင်ဟာ လေထုညစ်ညမ်းမှုနဲ့ တရားမဝင် မူးယစ်ဆေးပြဿနာတွေ ကိုင်တွယ်ဖြေရှင်းရာမှာ တိုး တက်မှုကို စစ်ဆေးဖို့နဲ့ တော်ဝင်မိသားစုရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ကြည့်ရှုဖိ့ မတ်လ ၁၅ ရက်ကနေ ၁၇ ရက်အ ထိ ချင်းမိုင်မြို့သို့ လာရောက်မှာဖြစ်ပါတယ်။

ဆေထာ ထဝီဆင်ရဲ့ခရီးစဉ်ဟာ မတ်လ ၁၄ ရက်ကနေ ၁၆ ရက်အထိ မွေးရပ်မြေ ချင်းမိုင်မြို့သို့ ခရီးသွားရောက် မယ့် သက်ဆင်ရဲ့အစီအစဉ်နဲ့ တိုက်ဆိုင်နေပြီး သူ့ရဲ့ခရီးစဉ်အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

သက်ဆင်ရဲ့ ချင်းမိုင်ခရီးစဉ်ဟာ နိုင်ငံရေးတွန်းအားတစ်ခု ဖြစ်နိုင်ပြီး အာဏာရ Pheu Thai ပါတီကို ထောက်ခံတဲ့ ရှပ်နီထောက်ခံသူတွေကြား ထောက်ခံမှုရရှိဖို့ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကျောင်း သားများနဲ့ ပြည်သူ့ကွန်ရက်က ပြောပါတယ်။

သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကာ ဗန်ကောက်မြို့ရှိ နေအိမ်သို့ ပြန်ခွင့်ပြုပြီးပြီးချင်း ဆေထာ ထဝီဆင်က သက်ဆင့်ထံ သွားရောက်ခဲ့ပါတယ်။ ချင်းမိုင်မြို့မှာ ဒုတိယအကြိမ် တွေ့ဆုံရင် ပြဿနာတစ်ခု မဖြစ်သင့်ဘူးလို့ သာဗီဆင်းက ပြောပါတယ်။

သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးမယ်ဆိုတာကို သိရှိပေမဘ့် တွေ့ဆုံဖို့ ချိန်းဆိုတာ မလုပ်ခဲ့ ဖူးလို့ ၎င်းက ဆက်ပြောပါတယ်။ အစိုးရဆန့်ကျင်ရေး စကားရည်လုပွဲတစ်ခုပြုလုပ်ဖို့ အတိုက်အခံတွေက စီစဉ် နေတာနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ သူက ဆိုပါတယ်။

အတိုက်အခံပါတီတွေက မတ်လ ၁၃ ရက်မှာ စကားရည်လုပွဲတစ်ခု ပြုလုပ်ဖို့ အဆိုပြုကာ ဧပြီလ ၃ ရက် မှ ၅ ရက်အထိ နှစ်ရက်ကြာ စကားရည်လုပွဲ ကျင်းပဖွယ်ရှိပါတယ်။ စကားရည်လုပွဲမှာ ဆွေးနွေးမယ့် အကြောင်း အရာတစ်ခုက သက်ဆင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အကြောင်း ဖြစ်ပါတယ်။

သူနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေအပေါ် မေးမြန်းမယ့် ကိစ္စရပ်တွေနဲ့ပတ်သက်လို့ စကားရည်လုပွဲမှာ ရှင်း ပြဖို့ အဆင်သင့်ရှိတယ်လို့ ဆေထာ ထဝီဆင်က ပြောပါတယ်။

ဝန်ကြီးချုပ်ဟာ ပြည်ပခရီးစဉ်တွေကနေ လက်ဗလာနဲ့ အိမ်ပြန်လာခဲ့ရတယ်ဆိုတဲ့ အတိုက်အခံတွေရဲ့ ပြောဆိုချက်ကို ဆေထာ ထဝီဆင်က ပယ်ချခဲ့ပါတယ်။

ချင်းမိုင်နဲ့ ပတ်ဝန်းကျင်ပြည်နယ်များရှိ ရှပ်နီထောက်ခံသူတွေဟာ သက်ဆင်ကို သစ္စာရှိကာ လေးစားသ မှုရှိဆဲပဲလို့ ရှပ်နီခေါင်းဆောင်နဲ့ ဒုတိယဝန်ကြီးချုပ် ဖန်သန်ဝီချာယာချိုင်းရဲ့ အကြံပေး ဝိုရာချုင်းဟီမာက ပြောပါ တယ်။

ရှပ်နီထောက်ခံသူတွေဟာ သက်ဆင်နဲ့ တွေ့ဆုံဖို့မျှော်လင့်ကာ မတ်လ ၁၅ ရက်မှာ ချင်းမိုင်ခရိုင် Sam Kamphaeng ခရိုင်က ဘုရားကျောင်းတစ်ခုမှာ စုဝေးဖို့ ပြင်ဆင်ထားတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Bangkok Post
Ref; Srettha might meet Thaksin in Chiang Mai

#Ayeyarwaddy_Times