
ဧရာဝတီတိုင်းမ်
မတ် ၉ ရက်
မော်လ်ဒိုက်နိုင်ငံက တရုတ်နဲ့ နီးကပ်သော ဆက်ဆံရေး ထူထောင်ဖို့ ကြိုးပမ်းနေစဉ် အိန္ဒိယနိုင်ငံက မော်လ်ဒိုက်ကျွန်းအနီး ရေတပ် အခြေစိုက်စခန်းသစ်တစ်ခု ဖွင့်လှစ်လိုက်ပါတယ်။
မော်လ်ဒိုက်က တရုတ်ထံမှ စစ်ရေးအကူအညီတွေ လက်ခံရရှိမယ့် သဘောတူညီချက်တစ်ရပ်ကို တရုတ် နဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ မော်လ်ဒိုက် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပြီး ရက်အနည်းငယ်အကြာမှာ အိန္ဒိယက ရေတပ်အခြေစိုက်စခန်းသစ်တစ်ခု ဖွင့်လှစ်လိုက်တာပါ။
ရေတပ်အခြေစိုက်စခန်းဟာ မော်လ်ဒိုက်ရဲ့မြောက်ဘက် Lakshadweep ကျွန်းစုရှိ Minicoy ကျွန်းပေါ်မှာ တည်ရှိတယ်လို့ အိန္ဒိယရေတပ်က ပြောပါတယ်။
အဆိုပါအခြေစိုက်စခန်းက အာရှ-ပစိဖိတ်ဒေသမှာ အိန္ဒိယနိုင်ငံရဲ့ ရေတပ်အင်အားချမှုကို အားကောင်း လာစေမယ်လို့ အိန္ဒိယရေတပ်အကြီးအကဲက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အာဏာရရှိလာပြီးနောက်ပိုင်း မော်လ်ဒိုက်သမ္မတ မိုဟာမက်မူအီဇူဟာ တရုတ်လို လားတဲ့ ရပ်တည်ချက်ကို ချမှတ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်တာဟာ တိုင်း ပြည်ရဲ့ အချုပ်အချာအာဏာကို ထိခိုက်စေတယ်လို့ သူက ပြောပါတယ်။
မေလ ၁၀ ကျော်ပါက အိန္ဒိယ စစ်ဘက်တပ်ဖွဲ့ဝင်တွေ မော်လ်ဒိုက်နိုင်ငံမှာ မရှိတော့ဘူးလို့ ၎င်းက ကြေ ညာခဲ့ကြောင်း ဒီသတင်းပတ်အစောပိုင်းမှာ ဒေသန္တရမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဒေသခံပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီနဲ့ ဆေးဝါး ကုသမှုပေးဖို့ မော်လ်ဒိုက်နိုင်ငံမှာ ဒါဇင် နဲ့ချီတဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေ တပ်စွဲခဲ့တာပါ။
ကျွန်းစုတိုင်းပြည်ဖြစ်တဲ့ မော်လ်ဒိုက်ဟာ ပင်လယ်ရေကြောင်းအလယ်မှာ မဟာဗျူဟာကျကျ တည်ရှိပြီး ဒေသတွင်း အင်အားပြိုင်ဆိုင်မှု အရေးပါသော အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်နေတာကြောင့် အိန္ဒိယနဲ့တရုတ်တို့ က မော်လ်ဒိုက်နိုင်ငံအပေါ် သြဇာလွှမ်းမိုးဖို့ ယှဉ်ပြိုင်နေကြပါတယ်။
ကိုးကား – NHK
Ref; India opens new naval base near Maldives