မြရာ/ဧရာဝတီတိုင်းမ်
​မတ် ၉ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီ​နောင်ရှိ စစ်​ကောင်စီ၏ ခမရ ၃၅၅တပ်ရင်းနှင့် အာရှလမ်းမကြီး​ပေါ်ရှိ ရဲစခန်းတို့ကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူး​ပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့​ကြောင်း သိရသည်။

ယမန်​နေ့ မတ်လ ၈ရက်​နေ့က ​ကော့ကရိတ်၊ မြဝတီ လမ်း​ဟောင်းနှင့် လမ်းသစ်ဆုံရာတွင်တည်ရှိသည့် စစ်​ကောင်စီ၏ ခမရ-၃၅၅ တပ်ရင်းကို KNLA ပူး​ပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယ​နေ့ မတ်လ ၉ရက်​နေ့တွင် အာရှလမ်းမကြီး​​ပေါ်ရှိ သင်္ဃန်းညီ​နောင် မြို့မရဲစခန်း တို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့​ကြောင်း ​တော်လှန်​ရေးတပ်ဖွဲ့များထံမှ သိရသည်။

“မ​နေ့က ခမရ ၃၅၅ ရတယ်။ ၃၅၆ ကလူတွေ ၃၅၇ မှာ သွားပေါင်းပြီးတော့ ခုခံနေတယ်။ အဲဒါကို အခုတိုက် နေပါတယ်။ စစ်ရေးအရ အဲဒီလောက်ပဲပြောလို့ရမယ်”ဟု တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ခမရ-၃၅၅ ကို KNLA က ၀င်ရောက် တိုက်ခိုက်ရာတွင် လက်နက်ခဲယမ်း ၁၀၀ နီးပါး သိမ်း ဆည်းရမိကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ရုပ်သံမှတ်တမ်းများဖြင့် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ၎င်းတို့ တပ်စခန်းများမကျစေရန်ဟုဆိုကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် သင်္ဃန်းညီနောင် မြို့သစ်ရှိ ‌၄ လမ်းနှင့် ၅ လမ်းမှ နေအိမ်များသို့ လေကြောင်းမှ ဗုံးကြဲခြင်းနှင့် ခမရ ၂၇၅ မှ အတွဲလိုက်ဒုံး များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အိမ်ခြေ ၅၀ ကျော် မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ မတ် ၈ ရက်နေ့က ခမရ-၃၅၅ အသိမ်းခံရပြီးနောက် မြ၀တီမြို့ရှိ သဘာ၀တရားရိပ် သာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဆေးကုဆောင်သို့ ကျရောက်ပေါက်ကွဲပြီး သက်ကြီးပိုင်းအမျိုးသား နှစ်ဦးသေဆုံးကာ ရှစ် ဦးခန့် ဒဏ်ရာအပြင်း အထန်ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် KNLA ပူးပေါင်းတပ်ဖွဲ့က မြ၀တီမြို့နယ်တွင်ကျန်ရှိနေသည့် ခမရ-၃၅၆ နှင့် ၃၅၇ တို့ကို အပြင်းအထန် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီကလည်း လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အတွဲလိုက်ဒုံး များဖြင့် ခုခံပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

#မြ၀တီ #သင်္ဃန်းညီနောင် #ခမရ၃၅၅ #၃၅၆ #၃၅၇ #KNLA #PDF #ထိုးစစ်ဆင် #ရဲစခန်း #သိမ်းပိုက် #Ayeyarwaddy_Times