မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၈ ရက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ နယ်ခွဲရှိ စစ်ကောင်စီ၏ ခလရ ၁၄၂ တပ်ရင်းပိတ်ဆို့ တိုက်ခိုက်ခံရ၍ အရာရှိနှင့် စစ်သည် ၈၀ ၀န်းကျင်ခန့် KIA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

ယနေ့ မတ် ၈ ရက်နေ့တွင် KIA နှင့်ပူးပေါင်းတပ်၏ ပိတ်ဆို့တိုက်ခိုက်ခြင်းခံရသည့် စစ်ကောင်စီ ခလရ ၁၄၂ တပ်ရင်းမှ တပ်မိသားစုများအပါအ၀င် အရာရှိ နှင့်စစ်သည် ၈၀ ၀န်းကျင်ခန့်သည် အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ကြောင်း စစ်ရေးသတင်းရင်း မြစ်ထံမှ သိရသည်။

“အလံဖြူထောင်ပြီး စစ်သည်တွေရော အရာရှိတွေ ရော မိသားစုတွေပါမကျန် အကုန် အညံ့ခံခဲ့ကြတယ်။ အရေအတွက်တော့ မစိစစ်ရသေးဘူး။ လေယာဉ်က လည်း တောက်လျှောက်လာကြဲနေတော့ စိစစ်မှုတွေ မလုပ်ရသေးဘူး”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ မတ် ၇ ရက်နေ့က စတင်၍ စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တပ်စခန်း ၁၀ ခုထက်မနည်းသိမ်းပိုက်ရရှိထားပြီး ကျန် သည့်တပ်စခန်းများကို ဆက်လက်၍ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“အဲဒီ ခလရ ၁၄၂ က တပ်ရင်းအပြင် အထဲမှာ ဗျူ ဟာကုန်းလည်းရှိတယ်။ အဲဒါကျရင် ဗန်းမော်မကြာ ဘူး”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီဘက်ကလည်း လိုင်ဇာမြို့တွင်းအပါအ၀င် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ရှိသည်ဟုယူဆသည့်နေရာများကို လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက် မှုများပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

ယခုလက်နက်ချ အညံ့ခံသည့် ဒေါ့ဖုန်းယန်တွင် အမာခံတပ်ရင်းအဖြစ် ခလရ ၁၄၂ တစ်ခုသာတည်ရှိသည့် အတွက် ယင်းတပ်ရင်းမှ လက်နက်ချအညံ့ခံလာသည့် အတွက် KIA အနေနှင့် မိုးမောက်မြို့နယ်ရှိ ဒေါ့ဖုန်းယန်မြို့နယ်ခွဲတစ်ခုလုံးကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ် သည်။

ပုံစာ- မတ် ၇ ရက်နေ့က ကချင်ပြည်နယ် တစ်နေရာရှိ စစ်ကောင်စီတပ်သားများမှ ပူးပေါင်းအဖွဲ့ထံ လက်နက်ချအညံ့ခံကြစဉ်
#ကချင် #မိုးမောက် #ဒေါ့ဖုန်းယန် #စစ်ကောင်စီ #ခလရ၁၄၂ #KIA #Ayeyarwaddy_Times