
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသားတွေဟာ ဉပဒေပိုင်းဆိုင်ရာ အရေးယူမှု ရင်ဆိုင်ရ မယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာသာဗီဆင်းက သတိပေးလိုက်ပါတယ်။
မြန်မာစစ်ကောင်စီက ဧပြီလမှစတင်ကာ လူငယ်တွေ စစ်မှုထမ်းရမယ့်အစီအစဉ် စတင်မယ်လို့ ပြောကြား ပြီးနောက် ထိုင်းနိုင်ငံသို့လာရောက်ဖို့ ဗီဇာလျှောက်ထားသူ မြန်မာနိုင်ငံသားတွေ များပြားလာစဉ် သူက အခုလို ပြောကြားခဲ့တာပါ။
“မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ရင် အရေးယူမှာဖြစ်ပါတယ်။ ကျွန်တော် ဒီ ကိစ္စကို လုံခြုံရေးအေဂျင်စီတွေနဲ့ ဆွေးနွေးပြီးဖြစ်ပါတယ်” လို့ သာဗီဆင်းက ပြောပါတယ်။
မြန်မာရွှေ့ပြောင်းအခြေချသူတွေကြောင့် ထိုင်းပြည်သူတွေ အလုပ်အကိုင်တွေ ဆုံးရှုံးမှာကို သူက စိုးရိမ် နေပြီး လက်ရှိ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေဟာ စစ်ကောင်စီရဲ့ မဖြစ်မနေ စစ်မှုထမ်းဉပ ဒေကို ရှောင်လွှဲဖို့က အကြောင်းရင်းတစ်ရပ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းက လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာရှိရာ အိမ်နီးချင်းတိုင်းပြည်များမှ အလုပ်သမားတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
စစ်မှုထမ်းဉပဒေကြောင့် ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်ကာ အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံ သားတွေ ပိုမို များပြားလာတာကို ထိုင်းနိုင်ငံက ကြုံတွေ့မယ်လို့ သာမာဆတ်တက္ကသိုလ်၊ Pridi Banomyong Institute ရဲ့ အမှုဆောင်ကော်မတီဉက္ကဌ အနူဆွန်ဆာမာဂျိုင်းက ပြောပါတယ်။
စစ်မှုထမ်းဉပဒေကို ရှောင်ရှားဖို့ ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံသားတွေ အစုလိုက်အပြုံလိုက်ဝင်ရောက်မှုကို ကိုင်တွယ်ဖြေရှင်းမှုအဖြစ် ကြာသပတေးနေ့မှစကာ တစ်ရက်လျှင် ဗီဇာလျှောက်ထားသူ ၄၀၀ သာ လက်ခံမယ်လို့ မြန်မာနိုင်ငံရှိ ထိုင်းသံရုံးက ကြေညာခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းဖို့ ရုန်းကန်နေရတာကြောင့် စစ်ကောင်စီဟာ ဧပြီ လမှစတင်ကာ လူငယ်များကို စစ်မှုထမ်းဖို့ ဆင့်ခေါ်မှာဖြစ်ပြီး အငြိမ်းစားစစ်မှုထမ်းတွေကို လိုအပ်နေတယ်လို့ သိ ရပါတယ်။
ကိုးကား – Bangkok Post
Ref; Myanmar nationals ‘must enter legally’