ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၁၉ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် ၊ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စု ဂျိုင်လယ်ကျေးရွာ ရှိ ရေစမ်းကြီးဂျိုင်ကမ်းစပ်တွင် ဖေဖော်ဝါရီ ၁၈ရက်နေ့ နံနက်က ဝေလငါးတစ်ကောင် သောင်တင်သေဆုံးနေကြောင်း ဒေသခံများထံမှသိရသည်။

“ငါးကြီးတွေက ဒီလိုမျိုးခဏခဏ သောင်တင်တတ်တယ်။ အချိန်မှိိီ သူတို့ကိုတွေ့ရင်တော့ ပင်လယ်ထဲကိုပြန်လွှတ်ပေးရတာပေါ့ ခုက ဒေသခံတွေ တွေ့တာနောက်ကျသွားလို့ သေဆုံးသွားရတာ”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

သောင်တင်သေဆုံးနေသော ဝေလငါးသည် အရှည် ၄၅ပေရှိပြီး ပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏မှတ်တမ်းအရသိရှိရသည်။

ယခုကဲ့သို့ ဝေလငါးအပါအ၀င် ငါးကြီးများပင်လယ်ကမ်းစပ်သို့ ရောက်လာရခြင်းမှာ ပင်လယ်ရေစီးကြောင်းပြောင်းလဲခြင်း၊ ရေအောက်ကြမ်းပြင် တုန်ခါမှုဖြစ်ခြင်း ၊အစာနောက်လိုက်ခြင်းတို့ကြောင့် ကမ်းစပ်သို့ ရောက်လာတတ်ကြောင်း ဒေသခံများကပြောသည်။

ပုသိမ်မြို့နယ်နှင့် ငပုတောမြို့နယ်ကကမ်းခြေများတွင်၊ ဝေလငါး၊လင်းရူး၊ငါးမန်းစသည့် ငါးအကြီးများ လာရောက်သောင်တင်မှုကြောင့်ဒေသခံများက ကယ်ဆယ်ပြီး ပင်လယ်ရေနက်ပိုင်းကို ပြန်လည်လွှတ်ပေးခဲ့ရသည့်ဖြစ်စဥ်လေးကြိမ်ခန့်ရှိကြောင်းဒေသခံများထံမှသိရှိရသည်။

#ဧရာဝတီတိုင်း #ပုသိမ်မြို့ #ရွှေသောင်ယံကမ်းခြေ #ဝေလငါး #သောင်တင်ပြီးသေဆုံး #Ayeyarwaddy_Times