ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၉ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများကို ကျေးဇူးတင်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားရုံတွင် ပြုလုပ်သည့် ရွှေနဂါး တရုတ်နှစ်သစ်ကူးပွဲတော်သို့တက်ရောက်ပြီး မိန့်ခွန်းပြောစဥ် အဆိုပါစကားအား ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

” မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် မှန်ကန်သည့် လမ်းကြောင်းအတိုင်း ရပ်တည်ပေးနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးတို့၏ မိတ်ကောင်း ဆွေမွန်ရှိမှုအတွက် အထူးကျေးဇူးတင်ရှိမိသည်”ဟု စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒါ့ပြင် တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံတွင် တရုတ်ပြည်သူများ စည်းလုံးညီညွတ်စိတ်အေးချမ်းသာစွာ ပျော်ရွှင်ကြည်နူးနေသည့် မြင်ကွင်းများ မြင်တွေ့ရသည့်အတွက် တရုတ်ပြည်သူများနှင့်အတူ ဝမ်းသားကြောင်းလည်းပြောဆိုခဲ့သည်။

တရုတ်နှင့် မြန်မာနိုင်ငံတို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ခုအဖြစ် အတူယှဥ်တွဲနေသည့်အတွက် မြန်မာနိုင်ငံတွင်ဆောင်ရွက်နေသည့် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း တရုတ်နိုင်ငံနှင့် တရုတ်လူမျိူး များအနေဖြင့် ဆက်လက်ကူညီပေးဖို့အတွက်လည်း ထည့်သွင်းတောင်းဆိုခဲ့သည်။

ဓာတ်ပုံ – တရုတ်နှစ်သစ်ကူးပွဲတော် တက်ရောက်လာသည့် စစ်ခေါင်းဆောင်နှင့် ဇနီးအားတွေ့ရစဥ်

#တရုတ် #နှစ်သစ်ကူး #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ကျေးဇူးတင် #Ayeyarwaddy_Times