ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

ပြင်သစ်နဲ့ ယူကရိန်းတို့က ကာလရှည် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ရာ ယူကရိန်းက ဒီနှစ်အတွင်း ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံတန်ကြေးရှိ ထပ်တိုး စစ်ရေးအကူအညီ ရရှိ မယ်လို့ သိရပါတယ်။

ပြင်သစ်သမ္မတ အီမန်နူရယ်မေခရွန်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ဟာ သောကြာနေ့က ပါရီမြို့တော် မှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သဘောတူညီချက်အရ ပြင်သစ်နိုင်ငံက ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ လက်နက်ကြီး ပစ်ခတ်မှုကို အဆင့်မြှင့်တင်ကာ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးပြီး နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ သတင်း အချက်အလက်ဖလှယ်မှု တိုးတက်စေမှာဖြစ်ပါတယ်။

ယူကရိန်းသို့ စစ်လက်နက်ကိရိယာတွေ ထောက်ပံ့ပေးမယ့် ပြင်သစ်နိုင်ငံရဲ့ ရေရှည်ကတိကဝတ်ကို ဆွေး နွေးမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မေခရွန်က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံက ရည်မှန်းချက်ကြီးမားသော လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ပြင်ဆင်ပြီး လက်မှတ်ရေးထိုးခဲ့တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်း G7 ထိပ်သီးဆွေးနွေးပွဲမှာ ချမှတ်ခဲ့တဲ့ ပူးတွဲကြေညာချက်တစ်ရပ်ကို အခြေခံ ပြီး နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေ ပြုလုပ်လျက်ရှိပါတယ်။

ပြင်သစ်ဟာ ဗြိတိန်နဲ့ ဂျာမနီပြီးပါက ယူကရိန်းနိုင်ငံနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှုရရှိတဲ့ တတိယ မြောက် ဉရောပတိုင်းပြည်ဖြစ်လာခဲ့ပါတယ်။

ကိုးကား – NHK
Ref; France to provide 3 bil. euros to Ukraine in new security agreement

#Ayeyarwaddy_Times