ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်

ပင်လယ်နီအတွင်း သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ယီမင်နိုင်ငံရှိ ဟူသီသူပုန်အဖွဲ့ထံ ဉီးတည်နေတဲ့ လက်နက်တွေတင်ဆောင်လာသော အီရန်သင်္ဘောတစ်စင်းကို ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ အမေရိ ကန်စစ်တပ်က ပြောပါတယ်။

“အမေရိကန်ရေတပ်ဟာ ဇန်နဝါရီလ ၂၈ ရက်က အာရေဗျပင်လယ်အတွင်း အီရန်နိုင်ငံမှလာပြီး ယီမင်နိုင် ငံရှိ ဟူသီသူပုန်အဖွဲ့ထိန်းချုပ်ရာ ဧရိယာတွေဆီသို့ ဉီးတည်နေသော ခေတ်မီ စစ်လက်နက်တွေကို ဖမ်းဆီးရမိခဲ့ တယ်” လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

စစ်လက်နက်တွေထဲမှာ ဒုံးကျည်အစိတ်အပိုင်းတွေ၊ ဖောက်ခွဲရေးပစ္စည်းနဲ့ အခြားကိရိယာတွေ ထည့်ထား တဲ့ အိတ် ၂၀၀ ကျော် ပါဝင်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အီရန်နိုင်ငံရဲ့ ဟူသီသူပုန်တွေထံ ခေတ်မီ စစ်လက်နက်တွေ ထောက်ပံ့မှုက နိုင်ငံတကာသင်္ဘောတွေရဲ့ လုံခြုံရေးနဲ့ လွတ်လပ်သော ကုန်စည်စီးဆင်းမှုကို ထိခိုက်စေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အစ္စရေး-ဟားမာစ်စစ်ပွဲ ဖြစ်ပွားနေစဉ် ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူတွေနဲ့ သွေးစည်းညီညွတ်မှုအ ဖြစ် ယီမင်နိုင်ငံရှိ ပိုင်နက်နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ အီရန်နိုင်ငံ ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ ဟာ နိုဝင်ဘာလနောက်ပိုင်း အရေးပါသော ရေကြောင်းလမ်းတစ်ခုဖြစ်တဲ့ ပင်လယ်နီအတွင်း သင်္ဘောတွေကို တိုက်ခိုက်နေပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကြောင့် အမေရိကန်နဲ့ဗြိတိန်နိုင်ငံက ဟူသီအဖွဲ့ထိန်းချုပ်ထားရာဧရိယာတွေကို တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။

ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် သင်္ဘောကုမ္ပဏီအချို့ဟာ ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုရဲ့ ၁၂ ရာ ခိုင်နှုန်းခန့် ပြုလုပ်ရာ ပင်လယ်နီရေလမ်းကြောင်းကို ရှောင်ရှားဖို့ အာဖရိကတိုက်တောင်ပိုင်းကနေ လမ်းရှောင် သွားရစေပါတယ်။

ကိုးကား – The Times of Israel
Ref; US says it nabbed vessel carrying arms from Iran to Yemeni rebels

#Ayeyarwaddy_Times