ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၁၂ ရက်

ဧရာ၀တီတိုင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် ဖေဖော်ဝါရီ ၉ရက်နေ့က PDF လေးဦး လက်နက်များနှင့် စစ်ကောင်စီထံအလင်း၀င် ကြောင်း အခမ်းအနားနှင့် ဝါဒဖြန့်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်အောင်မြို့နယ်မှ ဖမ်းဆီးခံရသည့် အမျိုးသားလေးဦးကို လက်နက်များဖြင့် အလင်းဝင်သည်ဟု စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ရေးသားဖော်ပြကြသည်။ ဖမ်းဆီးခံရသူများနှင့်အတူ M4သေနတ်တစ်လက် ၊ပစ္စတို နှစ်လက်ပါ၀င်ကြောင်းတွေ့ရှိရသည်။

“PDF သင်တန်းဆင်းတွေတော့ဟုတ်တယ်။ အလင်း၀င်တာတော့မဟုတ်ဘူး ဖမ်းမိတာစစ်ကြောရေးတစ်လလောက်လုပ်ပြီးလက်နက်တွေဖွက်ထားတာတွေဖော်ပေးပြီး ကျန်တဲ့အမှုမှမရှိလို့ အလင်း၀င် ပွဲလုပ်ပေးတာ မိဘပြန်အပ်တယ်ဆိုတာ မသေခြာဘူး”ဟု ရဲတပ်ဖွဲ့နှင်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

စစ်ကောင်စီက ဇန်နဝါရီလအတွင်း ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များမှ တော်လှန်ရေးအဖွဲ့များနှင့် ပတ်သတ်မှုရှိသူ လူငယ်၃၀နီးပါးကိုဖမ်းဆီးထားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ကြောရေးစခန်းနှင့် ရဲစခန်းများတွင် တစ်လကြာ စစ်ဆေးခဲ့ပြီး လေးဦးကိုသာ အလင်း၀င်ပွဲပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ နှင့် နီးစပ်သူများထံမှသိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၃စက်တင်ဘာနှင့်အောက်တိုဘာလအတွင်းကလည်း PDFမိသားစု၀င်အချို့၊ ဒေသခံအချို့နှင့် အမှုဖွင့်ထားသောကြောင့် ရှောင်တိမ်းနေသူမျာကို PDFသင်တန်းဆင်း လာသူများ စစ်ကောင်စီထံ အလင်း၀င်ကြောင်း အခမ်းအနားနှင့်ဝါဒဖြန့်မှုပြုလုပ်ခဲ့​သေးကြောင်းသိရှိရသည်။

#အနောက်တောင်တိုင်းစစ်ဌာနချုပ် #ဖေဖော်ဝါရီ #PDF #လက်နက်များ#စစ်ကောင်စီထံအလင်း၀င် #အခမ်းအနား #ဝါဒဖြန့် #Ayeyarwaddy_Times