ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၂ ရက်
ဖေဖော်ဝါရီလ ၁၉ ရက်မှာ တိုကျိုမြို့တော်၌ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဂျပန်နိုင်ငံက ယူ ကရိန်းသို့ အမေရိကန်ဒေါ်လာ ၁၀၆ သန်း အကူအညီပေးမယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုး ကားပြီး ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။
ဂျပန်နိုင်ငံရဲ့ ငွေကြေးပံ့ပိုးမှုကို စိုက်ပျိုးရေးကဏ္ဍ အပါအဝင် နယ်ပယ် ၇ ခုမှာ ပြန်လည်တည်ဆောက် ရေးအတွက် သုံးစွဲမယ်လို့ သိရပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနဲ့ ယူကရိန်းဝန်ကြီးချုပ် ဒင်းနစ်ရှမီဟဲလ်တို့ဟာ နှစ်နိုင်ငံစလုံးမှ အစိုးရ ကိုယ်စားလှယ်တွေနဲ့အတူ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံရဲ့ ယူကရိန်းသို့ ငွေကြေးအကူအညီနဲ့ပတ်သက်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်ထံမှ မှတ်ချက်မရရှိခဲ့ပါဘူး။
အမေရိကန်နိုင်ငံသို့ ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် ပေးပို့ဖို့ပြင်ဆင်မယ်လို့ ဒီဇင်ဘာ လအတွင်း စစ်လက်နက်တင်ပို့မှု လမ်းညွှန်ချက်တွေ ပြင်ဆင်ခဲ့တဲ့ ဂျပန်နိုင်ငံက ပြောပါတယ်။
ဂျပန်နိုင်ငံက ယူကရိန်းကဲ့သို့ စစ်ဖြစ်နေတဲ့တိုင်းပြည်တွေထံ စစ်လက်နက်တွေ တင်ပို့နိုင်ခြင်းမရှိသေးပေ မယ့် အမေရိကန်နိုင်ငံရဲ့ ယူကရိန်းသို့ စစ်ရေးအကူအညီ ပေးအပ်နိုင်စွမ်းကို မြှင့်တင်ပေးခြင်းဖြင့် ယူကရိန်းနိုင်ငံကို သွယ်ဝှိုက် အကျိုးရှိစေနိုင်ပါတယ်။
ကိုးကား – Reuters
Ref; Japan to pledge $106 million in aid to Ukraine -Kyodo News