ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီ ၂ ရက်

ချင်းပြည်နယ်၊ မတူပီမြို့၊ ခလရ ၁၄၀ စစ်ကောင်စီတပ်ရင်းတွင် ဆက်သွယ်ရေးတာဝန်ထမ်းဆောင်နေသော ကိုယ်ပိုင်အမှတ်(တ/၅၅၆၄၅၈) တပ်သားမျိုးချစ်အောင်(၂၁)နှစ်သည် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ ထံသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက် လာခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားမျိုးချစ်အောင်သည် မိခင်နှင့် ညီမတို့ကို ခေါ်ဆောင်၍ အလင်းဝင်ရောက်လာခဲ့ပြီး စစ်ကောင်စီတပ်ထဲတွင်လုပ်သက် ၆ နှစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။

“ကလေးမြို့မှာ နေတဲ့ သူ့အကိုလင်မယားကနေတဆင့် တပ်ရင်း-၂ကို လာရောက်ဆက်သွယ်ခဲ့တာပါ။ အဓိကကတော့ သူ့အကိုနဲ့ ချိတ်ဆက်တာပါ။ သူကိုယ်တိုင်ကလည်း တပ်ရင်း-၂ နဲ့လက်တွဲပြီး အလုပ်ဆက်လုပ်ချင်တယ်ပေါ့နော်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အလင်းဝင်ရောက်နိုင်ရန် စည်းရုံးဖို့ပေါ့ “ ဟု တပ်ရင်း-၂၊ တပ်ရင်းတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သား မျိုးချစ်အောင်သည် MA 3 တစ်လက်နှင့်အတူ အလင်းဝင်ရောက်လာခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ မှ ထိုက်တန်သည့် ဆုကြေးချီးမြှင့်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-CDF-မတူပီ၊ တပ်ရင်း-၂ ထံသို့ ယခင်က အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်(ပုံအဟောင်း)

#ချင်းကာကွယ်ရေးတပ်ဖွဲ့မတူပီ #မိသားစုဝင်များ #လက်နက်အပြည့်အစုံ #စစ်ကောင်စီ #အလင်းဝင်ရောက် #Ayeyarwaddy_Times