ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၈ ရက်

ဧရာ၀တီတိုင်း ဓနုဖြူမြို့တွင် ဇန်နဝါရီလ ၂၈ရက်နေ့ နံနက်ပိုင်းအချိန်က စစ်ကောင်စီ၏ ခွင်ပြုချက်ဖြင့် လူ၁၂ဦးသာပါ၀င်သော ညီနောင်မဟာမိတ်သုံးဖွဲကို ကန့်ကွက်သည့် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒပြပွဲကို မြို့ပေါ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှုးများ၊ ကြံခိုင်ရေးပါတီ၀င်များ၊အမျိုးသားရေးသမားများကို နေ့စားခပေး၍ ခေါ်ယူသော်လည်း လိုက်ပါသူမရှိကြောင်း သိရှိရသည်။

“ဟောတဲ့လူက လေးယောက် အောက်ကနားထောင်တဲ့သူက ၁၀ယောက်နဲ့ လမ်းဘေးမျက်လှည့်ဝိုင်းလောက်တောင်မစည်ဘူး။ နေ့စားခနည်းလို့လား မလိုက်ကြတာလားတော့မသိဘူး”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဆန္ဒပြသူ၁၀ဦးကျော်သည် ဓနုဖြူမြို့အမှတ်၁၀ရပ်ကွက် ဥမ္မာဒန္တီကမ်းခြေတွင်၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲခဲ့သော တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ခေါ် ကိုးကန့်တပ်- MNDAA နဲ့ ရက္ခိုင့်တပ်တော်- AA တို့ကို ဆန့်ကျင်ဆန္ဒပြဟောပြောခဲ့ကြောင်းသိရှိရသည်။

#ဓနုဖြူမြို့ #မဟာမိတ်၃ဖွဲ့ #ဆန္ဒပြပွဲ #နေ့စားလိုက်မည့်သူမရှိ #Ayeyarwaddy_Times