ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်
အစ္စရေးနိုင်ငံအတွက် သူလျှိုလုပ်မှုသံသယနဲ့ တူရကီ အာဏာပိုင်တွေက လူ ၃၃ ဦးကို ထိန်းသိမ်းလိုက် တယ်လို့ နိုင်ငံပိုင်သတင်းဌာန Anadolu က ဖော်ပြပါတယ်။
တူရကီ စုံစမ်းစစ်ဆေးရေးမှူးတွေက အစ္စရေး ထောက်လှမ်းရေးအဖွဲ့ မော့ဆက်နဲ့ ပတ်သက်တယ်လို့ ယူ ဆရတဲ့ လူ ၁၃ ဦးကို ရှာဖွေနေဆဲဖြစ်တယ်လို့ Anadolu သတင်းဌာနက ဆိုပါတယ်။
သူလျှိုလုပ်ဖို့၊ တူရကီနိုင်ငံမှာနေထိုင်တဲ့ နိုင်ငံခြားသားတွေကို တိုက်ခိုက်ကာ ပြန်ပေးဆွဲဖို့ စီစဉ်နေတာ ကြောင့် အီစတန်ဘူလ်နဲ့ အခြားပြည်နယ်တွေမှာပြုလုပ်တဲ့ စီးနင်းမှုတွေအတွင်း သံသယရှိသူတွေကို ဖမ်းဆီးခဲ့ တာလို့ သိရပါတယ်။
တူရကီမြေပေါ်ရှိ ဟားမာစ်အဖွဲ့ တာဝန်ရှိသူတွေကို တိုက်ခိုက်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိ လာမယ်လို့ တူရကီသမ္မတ ရီစက်တေယက်အာဒိုဂန်က အစ္စရေးနိုင်ငံကို သတိပေးခဲ့ပါတယ်။
တူရကီနဲ့အစ္စရေးဟာ နှစ်နဲ့ချီကြာအောင် တင်းမာမှုတွေ ဖြစ်ပွားပြီးနောက် သံအမတ်တွေ ပြန်လည်ခန့် အပ်ကာ ၂၀၂၂ ခုနှစ်အတွင်း ပုံမှန် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ပါတယ်။
အစ္စရေး-ဟားမာစ်စစ်ပွဲ ဖြစ်ပွားချိန်မှာ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ဆိုးရွားသွားခဲ့ပြီး တူရကီနိုင်ငံဟာ ဂါဇာဒေသအပေါ် အစ္စရေးနိုင်ငံရဲ့ ထိုးစစ်ဆင်မှုကို အပြင်းထန်ဆုံး ဝေဖန်တဲ့တိုင်းပြည်ဖြစ်လာခဲ့ပါတယ်။
အစ္စရေးနိုင်ငံဟာ လုံခြုံရေးအခြေအနေကြောင့် ကနဉီးအနေနဲ့ တူရကီနိုင်ငံမှ သံတမန်တွေကို ရုတ်သိမ်းခဲ့ ကာ တူရကီ တာဝန်ရှိသူတွေရဲ့ ရန်လိုသောထုတ်ပြန်ချက်တွေကြောင့် နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ သံအမတ် တွေကို ပြန်ခေါ်ခဲ့တာလို့ ကြေညာခဲ့ပါတယ်။
တူရကီသမ္မတ အာဒိုဂန်က ဂါဇာဒေသမှာ အစ္စရေးနိုင်ငံရဲ့လုပ်ရပ်ကို လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ ခေါ်ဆိုခဲ့ ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆိုဖို့ တောင်းဆိုကာ ဂျာမနီရဲ့ နာဇီ ခေါင်းဆောင် အဒေါ့ဖ်ဟစ်တ လာနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။
တူရကီအစိုးရဟာ ယခင်က ဟားမာစ်အဖွဲ့ တာဝန်ရှိသူတွေကို နေထိုင်ခွင့်ပြုခဲ့ကာ အဆိုပါအစ္စလာမ္မစ်အ ဖွဲ့ဟာ တိုင်းပြည်နဲ့ပြည်သူ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာလို့ အာဒိုဂန်က ပြောဆိုခဲ့ပါတယ်။
ကိုးကား – Morning Star
Ref; Turkish authorities arrest 33 people on suspicion of spying for Israel