ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၂၄ ခုနှစ် သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထိုင်ဝမ်နဲ့ ပေါင်းစည်းလိုတဲ့ဆန္ဒကို ထပ်လောင်းပြောကြားခဲ့ပါတယ်။

သမ္မတ ရှီကျင့်ဖျင်ဟာ နှစ်သစ်ကူးအကြိုနေ့ တနင်္ဂနွေနေ့က နိုင်ငံပိုင်ရုပ်သံဌာနနဲ့ အခြားမီဒီယာတွေမှ တစ်ဆင့် အများပြည်သူသို့ မိန့်ခွန်းတစ်ခု ပြောကြားခဲ့ပါတယ်။

ရှီကျင့်ဖျင်က သူ့ရဲ့မိန့်ခွန်းအတွင်း ဇန်နဝါရီလ ၁၃ ရက်မှာ သမ္မတရွေးကောက်ပွဲပြုလုပ်တော့မယ့် ထိုင် ဝမ်ကို ရည်ညွှန်းပြီး ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံက သေချာပေါက် စည်းလုံးညီညွတ်မှာဖြစ်ကြောင်း၊ ထိုင်ဝမ်ရေလက်ကြားရှိ တရုတ်ပြည်သူ အားလုံးက တရုတ်နိုင်ငံကို အားသစ်လောင်းပေးမယ့် အသိဉာဏ်ရှိသင့်ကြောင်း သူက ပြောပါတယ်။

ပြည်တွင်းစိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်မှာဖြစ်ကြောင်း၊ အိမ်ခြံမြေဈေးကွက်နဲ့ အလုပ်လက်ကိုင်အခြေ အနေကြောင့် တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးဖို့ အလားအလာတွေက ပို၍ ခက်ခဲလာကြောင်း သူက ဆိုပါတယ်။

“တရုတ်ကလေးတွေက ကောင်းမွန်တဲ့ပညာရေးကို သင်ယူခွင့်ရသင့်ပါတယ်။ တရုတ်လူငယ်တွေဟာ အလုပ်အကိုင်တွေ လုပ်ကိုင်ဖို့အခွင့်အလမ်းတွေ ရှိသင့်ပါတယ်။ သက်ကြီးတရုတ်ပြည်သူတွေဟာ ကောင်းမွန် သော ကျန်းမာရေး စောင့်ရှောက်မှု ရရှိသင့်ပါတယ်” လို့ သူက ပြောပါတယ်။

အဆိုပါကိစ္စရပ်တွေဟာ မိသားစုတိုင်းအတွက် ပြဿနာဖြစ်ပြီး အစိုးရအတွက် ထိပ်တန်းဉီးစားပေးတစ်ခု ဖြစ်ပါတယ်လို့လည်း သူက ကတိပြုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ စီးပွားရေး အစီအမံတွေအတွက် လမ်းညွှန်ချက်တွေချမှတ်မယ့် အရေးပါသော အစည်းအဝေးတစ်ရပ် မကျင်းပသေးပါဘူး။

ကိုးကား – NHK
Ref; Xi reiterates desire for unification with Taiwan in New Year’s message

#Ayeyarwaddy_Times