
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်
စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှု အဆုံးသတ်ဖို့ အာဆီယံအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက် ကာ မြန်မာစစ်တပ်အပေါ် သံတမန်ရေးနဲ့ စီးပွားရေးဖိအား တိုးပေးဖို့ မြန်မာအရပ်သားအစိုးရရဲ့ အကြီးတန်း အဖွဲ့ ဝင်တစ်ဉီးက ဂျပန်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က စစ်ကောင်စီအပေါ် မကြုံစဖူး ထိုးစစ်ဆင် မှုတစ်ခု ပြုလုပ်နေစဉ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုကျိုမြို့ တော်မှာ ဂျပန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံစဉ် အခုလို တောင်းဆိုခဲ့တာပါ။
အောက်တိုဘာလနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ နယ်စပ်ဒေသတွေမှာ ထိုးစစ် ဆင်မှုဟာ စစ်ကောင်စီအတွက် အာဏာသိမ်းမှုနောက်ပိုင်း အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ပါတယ်။
“ဂျပန်နိုင်ငံဟာ စကစနဲ့ ထိတွေ့ဆက်ဆံတာမလုပ်ဘဲ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ NUG နဲ့ သံ တမန်ဆက်ဆံရေး ထူထောင်သင့်ပါတယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
“ဉရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတို့က စစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ပေမယ့် အာရှ တိုင်းပြည်တွေကတော့ အရေးယူတဲ့ အစီအမံတွေ ပြုလုပ်တာမရှိပါဘူး။ အာရှတိုင်းပြည်တွေက စီးပွားရေး ဒဏ် ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်မယ်ဆိုရင် စစ်ကောင်စီအပေါ် သိသာတဲ့ဖိအား ဖြစ်လာပါလိမ့်မယ်” လို့ သူက ပြောပါ တယ်။
ဒေါ်ဇင်မာအောင်ဟာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံဖို့ နိုဝင်ဘာလ ၂၈ ရက်အထိ ဂျပန်နိုင်ငံသို့ ၁၂ ရက် ကြာ လာရောက်နေတာဖြစ်ပြီး NUG နိုင်ငံခြားရေးဝန်ကြီးအဖြစ် သူ့ရဲ့ ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက် တဲ့ ခရီးစဉ်ဖြစ်ပါတယ်။
လာမယ့်လအတွင်း တိုကျိုမြို့တော်မှာကျင်းပမယ့် ဂျပန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် မြန်မာ က အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ အာဆီယံအဖွဲ့ရဲ့ခေါင်းဆောင်တွေကို ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက အိမ်ရှင်အဖြစ် မကြိုဆိုမီ သူ့ရဲ့ ဂျပန်ခရီးစဉ် ဖြစ်လာတာပါ။
စစ်တပ်မပါဘဲ ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအ ညီ ပေးအပ်ဖို့လည်း သူက ဂျပန်နိုင်ငံကို မေတ္တာရပ်ခံခဲ့ပါတယ်။
“NUG နဲ့ တိုင်းရင်းသားအဖွဲ့တွေလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုမှတစ်ဆင့် စစ်ဘေးရှောင်ပြည်သူတွေ ကို ဂျပန်နိုင်ငံက အကူအညီပေးမယ်ဆိုရင် ပြည်သူများစွာကို ချက်ချင်း ကယ်တင်နိုင်ပါလိမ့်မယ်” လို့ ဒေါ်ဇင်မာ အောင်က ပြောပါတယ်။
မြန်မာစစ်တပ်ဟာ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ဆန္ဒပြသူ ၄၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂ သန်းခန့်ကို အိုးအိမ်စွန့်ခွာစေခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ရဲ့ မြန်မာပဋိပက္ခအဆုံးသတ်ရေး သံတမန်ရေး ကြိုးပမ်းမှုတွေက မအောင် မြင်ဘဲ မြန်မာစစ်တပ်က NUG နဲ့ ထိတွေ့ဆက်ဆံဖို့ ငြင်းဆန်ခဲ့ပါတယ်။
ကိုးကား – Mainichi
Ref; Myanmar’s shadow government urges Japan to step up pressure on junta