ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ နိုဝင်ဘာလ ၂၂ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အခြေစိုက်ထားသော ခလရ ၂၆၈ စစ်ကောင်စီတပ်ရင်း၏ လက်အောက်ခံ ထင်းရှူးတပ်စခန်းကို စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေး သွားကြောင်း ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(CNDF)က ယနေ့၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ထင်းရှူးစခန်းကို စစ်ကောင်စီတပ်က စွန့်ခွာထွက်ပြေးမှုကြောင့် ခရီးသွားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချနိုင်၍ မိဘပြည်သူများအနေဖြင့် ဖလမ်း-ကလေးလမ်းမကြီးကို လုံးဝအသုံးမပြုကြရန် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

ထင်းရှူးစခန်းကို စွန့်ခွာထွက်ပြေးမှုနှင့်ပတ်သက်၍ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီသည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ဗာရ်းစခန်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့ပြီး အဆိုပါဗာရ်းစခန်းကို ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF)က နယ်မြေရှင်းလင်းမှုများလုပ်‌ဆောင်၍ မီးရှို့ဖျက်ဆီးခဲ့ ကြောင်းသိရသည်။

ထို့အပြင် ဖလမ်းမြို့နယ်၊ ခလရ -၂၆၉ စစ်ကောင်စီတပ်ရင်း၏ လက်အောက်ခံ သီးဘွာလ် စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က နိုဝင်ဘာ ၁၅ ရက် နေ့တွင် သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ချင်းအမျိုး သားကာကွယ်ရေး တပ်ဖွဲ့တို့က မြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်း တိုက်ပွဲများကို ပြည်နယ်အနှံ့တွင် ဖော်ဆောင်နေပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများအကြိမ်ကြိမ်ပြုလုပ်မှုကြောင့် ‌အသက်မပြည့်သေးသည့် ကလေးငယ် များနှင့် ဒေသခံအများအပြားသေဆုံးခဲ့သည်။

ပုံစာ – CNDF ရဲမေများ
#ဖလမ်းမြို့ #ထင်းရှူးစခန်း #စစ်ကောင်စီတပ် #စွန့်ခွာထွက်ပြေး #ဖလမ်းကလေးလမ်းမကြီး #အသုံးမပြုရန် #CNDFသတိပေး #Ayeyarwaddy_Times