ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၂၀ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုပင်ရဲစခန်းကို ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က လေ‌ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၎င်းတို့၏ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း လေးဦး သေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ည ၉ နာရီခန့်က TNLA နှင့် မန္တလေး PDF များ တိုက်ခိုက် သိမ်းပိုက်ရရှိထားသည့် ဒိုပင်ရဲစခန်းကို လေကြောင်းမှဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ ဖမ်းဆီး ခံရထားသည့် စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရ ရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ဒိုပင်ရဲစခန်းသည် TNLA နှင့် MDY PDF တို့ သိမ်း ပိုက်ရရှိထားသည့်စခန်းဖြစ်ပြီး အဆိုပါ စခန်းတွင် စစ်ဆင်ရေးအတွင်းက ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း များကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ယမန်နေ့တွင် စစ်ကောင်စီတပ်က ကြဲချခဲ့သည့် ပေါင် ၅၀၀ ဗုံးသည် ဒိုပင်ရဲစခန်း တည့်တည့်သို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် TNLA ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင် စီက လက်နက်ကြီးပစ်ကူများ၊ လေကြောင်းမှဗုံးကြဲ တိုက်ခိုက် မှုများကို အဆက်မပြတ်ပြုလုပ်နေခြင်းဖြစ်ပြီး စစ်အင်အားအများအပြားဖြင့် ပြင်ဦးလွင် နောင်ချိုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်း နေခြင်းဖြစ်သည်။

ဓာတ်ပုံ-TNLA
#နောင်ချိုမြို့ #ဒိုပင်ရဲစခန်း #စစ်ကောင်စီဗုံးကြဲ #စစ်သုံ့ပန်း၄ဦးသေ #TNLA #MDYPDF #Ayeyarwaddy_Times