ဧရာဝတီတိုင်းမ်
(မတူပီ)၊ နိုဝင်ဘာ ၁၇ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်၊ ည ၇ နာရီခန့်တွင် စစ်ကောင်စီက ဂျက်လေယာဥ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက်မပြည့် သေးသည့် ကလေးငယ် ရှစ် ဦးအပါအဝင် ဒေသခံ ၁၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

မတူပီမြို့နယ်၊ ဝေလူးကျေးရွာတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ ငါး ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ရွာထဲကို ရုတ်တရက် ဗုံးကြဲတော့ စာကျက်ဝိုင်းက ကလေးတွေအပါအဝင် စာသင် ပေးတဲ့ CDM ကျောင်းဆရာနဲ့ ဆရာမလည်း ဆုံးသွားတယ်။ ဒဏ်ရာပြင်းပြင်း ထန်ထန်ရရှိသူတွေလည်း ရှိတယ်။ အရေးပေါ်အကူအညီတွေလည်း လိုအပ်နေတယ်” ဟု ဝေလူးကျေးရွာဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ဘုရားကျောင်း၊ စာသင်ကျောင်း နှင့် လူနေအိမ်တချို့လည်း ပျက်စီးခဲ့သည်။

မတူပီမြို့နယ်၊ ဝေလူးကျေးရွာတွင် အိမ်ခြေ ၆၀ ကျော်တည်ရှိပြီး လမ်းပန်းဆက်သွယ် ရေးခက်ခဲသည့် ကျေးရွာဖြစ်ကြောင်းသိရသည်။

ပုံစာ-လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် ကလေးငယ်များ

#မတူပီ #လေကြောင်းတိုက်ခိုက်ခံ #အသက်မပြည့် #ကလေးငယ်၈ဦးသေဆုံး #ဒေသခံစုစုပေါင်း၁၃ဦးသေဆုံး #Ayeyarwaddy_Times