
နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
ဧရာဝတီတ်ိုင်း၊ မအူပင်တံတားပေါ်မှ ဆင်းလာသောကုန်ကားသည် ခရီးသည်တင်ယာဉ် ကို ရှောင်တိမ်းရာမှ ကုန်ကားမှာလမ်းဘေးထိုးကျကာ သစ်ပင်နှင့် တိုက်မိပြီး ယာဉ်မောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်မှာ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက် (၉)နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မအူပင်မြို့ဘက်အခြမ်းရှိ တံတားအဆင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်နှင့် ကားများကိုတားပြီး စစ်ဆေးနေချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက တံတားအတက်အဆင်းမှာ ကားတွေ ဆိုင်ကယ်တွေကို အတင်းတားပြီး စစ်ဆေးတာတွေ လုပ်နေကြတာ။ မဖြစ်သင့်ပဲ ဖြစ်ရတာပေါ့ တံတားအဆင်းကြီးမှာ ကားတွေဆိုင်ကယ်တွေကို အတင်းတားအတင်းစစ်တော့ ယာဉ်မောင်းတွေလည်း လန့်ပြီး မောင်းလို့ ဖြစ်တာပေါ့ ။ သေသွားတဲ့ ကားဆရာကိုတော့ ပြည်သူ့ဆေးရုံကြီးကို သယ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မအူပင်မြို့နယ်တွင် ရဲများက ဆိုင်ကယ်နှင့် ကား စစ်ဆေးဖမ်းစီးမှုများကို နေ့စဉ်ပြုလုပ်နေပြီး ခြိမ်းခြောက် ငွေကြေးတောင်းယူမှုများကို ကျေးရွာများအထိ ဆင်း၍ လုပ်ဆောင်နေကြကြောင်း ဒေသခံများက ပြောသည်။
#မအူပင် #တံတား #ခရီးသည်တင်ယာဉ် #ရှောင်ရာမှ #ကုန်တင်ကား #လမ်းဘေးထိုးကျ #ယာဉ်မောင်သေဆုံး #Ayeyarwaddy_Times