
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း သြစတြေးလျသံရုံးက စစ်ကောင်စီနဲ့ ပတ်သက်မှုရှိတဲ့ ရန်ကုန်မြို့က ဟိုတယ်တစ်လုံးမှာ ဒေါ်လာ ၇၅၀၀၀၀ ကျော် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ သြစတြေးလျ အခွန်ထမ်းပြည်သူတွေရဲ့ဒေါ်လာတွေကို စစ်တပ်ကပိုင်ဆိုင်ပြီး ငှားရမ်းထားတဲ့ ဟိုတယ် တစ်လုံးမှာ မသုံးစွဲသင့်ဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar က ရရှိထားတဲ့ ရန်ကုန်မြို့က ဟိုတယ်တစ်လုံးရဲ့ ငွေတောင်း ခံလွှာတွေကို သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ငွေတောင်းခံလွှာတွေမှာ အာဏာသိမ်းမှုနောက်ပိုင်း ရန်ကုန်မြို့က ဇိမ်ခံဟိုတယ် Lotte Hotel မှာ သြစတြေးလျသံရုံးက သုံးစွဲခဲ့တဲ့ ငွေကြေးပမာဏကို အသေးစိတ်ဖော်ပြထားပါတယ်။
အဲဒီငွေတောင်းခံလွှာတွေမှာ ဟိုတယ်ခန်းခတွေအပြင် ချောကလက်ကရင်ကိတ်တစ်လုံးအတွက် ၄၆ ဒေါ် လာ သုံးစွဲထားတာကို တွေ့ရတဲ့အပြင် ဒီလိုပုဂ္ဂိုလ်ရေးသုံးစွဲမှုတွေကို အစိုးရက မကျခံသင့်ဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ် Lotte Hotel ဟာ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေက ဒဏ် ခတ်အရေးယူထားတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးကပိုင်ဆိုင်တဲ့ မြေကွက်ပေါ်မှာ တည်ဆောက်ထားပါ တယ်။
စစ်ထောက်ချုပ်ရုံးဟာ မြန်မာစစ်တပ်အတွက် စစ်လက်နက်တွေဝယ်ယူရာမှာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုမှ ပါဝင်နေပြီး မြန်မာနိုင်ငံတစ်ဝှမ်း အကြမ်းဖက်လုပ်ရပ်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာ ဝန်ရှိတယ်လို့ ဗြိတိန်နိုင်ငံက ပြောပါတယ်။
Lotte Hotel ရဲ့ ရင်းနှီးမြှုပ်နှံသူတွေက နှစ်စဉ် ငှားရမ်းခ ဒေါ်လာ ၂ ဒသမ ၈၇ သန်း ပေးရပြီး အဲဒီငွေတွေ က ကာကွယ်ရေးဝန်ကြီးဌာနကို ရောက်ရှိတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ မှတ်တမ်းတွေအရ သိရ ပါတယ်။ သြစတြေးလျနိုင်ငံက အခွန်ထမ်းပြည်သူတွေရဲ့ငွေတွေကို စစ်တပ်နဲ့ပတ်သက်တဲ့ Lotte Hotel မှာ သုံးစွဲ နေပြီး မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်တာတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အ ကြံပြုချက်တွေကို လျစ်လျူရှုနေတယ်လို့ Justice for Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါ တယ်။
“Lotte Hotel က မြန်မာစစ်တပ်ကို ငွေကြေးပံ့ပိုးနေပြီး မြန်မာပြည်သူတွေကို မဆင်မခြင် တိုက်ခိုက်မှု တွေပြုလုပ်ရာမှာ အသုံးပြုဖို့ ကျည်ဆံနဲ့ဗုံးတွေ ဝယ်ယူနေတဲ့ စစ်ထောက်ချုပ်ရုံးကို ငှားရမ်းခတွေ ပေးနေပါတယ်။ သြစတြေးလျသံရုံးက ဒါကို သိရမှာဖြစ်ပါတယ်” လို့ ၄င်းက ဆိုပါတယ်။
ကိုးကား – ABC News
Ref; Australian embassy spends $750,000 at luxury hotel linked to Myanmar’s military junta