
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၃၁ ရက်
ယခုလပိုင်းအတွင်း စားအုန်းဆီဈေးနှုန်း ကျပ်တစ်သောင်းကျော်အထိမြင့်တက်သွားရာတွင် စာအုန်းဆီဈေးနှုန်း သိသာစွာကျဆင်းရေး ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ပြီး မြို့ကြီးများအလိုက် သတ်မှတ်ဈေးနှုးဖြင့် ရောင်းချရ န် စီစဉ်နေကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သတင်းရရှိသည်။
ထို့ပြင် စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေး အပေါ်အခြေခံကာ လက်ကားနှင့် လက်လီရောင်းချသူများကြားတွင် ဈေးနှုန်းကွာဟမှူ မရှိစေရန်အတွက် မြို့ကြီးများအလိုက် သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် စီစဉ်နေကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင် က ပြောကြားသည်။
“ရက်ပိုင်းအတွက် စားအုန်းဆီဈေးနှုန်း သိသာစွာကျဆင်းရေးဆောင်ရွက်သွားမယ်။ ပူးပေါင်းပါဝင်သွားဖို့နဲ့ စားသုံးဆီဖြန့်ဖြူးရေးပတ်သက်ပြီး လိုအပ်တဲ့အစီအမံတွေချမှတ်ကြပ်မယ်သွားတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်တွင်း၌ စားသုံးဆီပို့ဆောင်ရာတွင် QR ကုတ်စနစ်အသုံးပြုခြင်း၊ နေ့စဉ် ကုန်လက်ကျန်သတင်းပို့မှု အစီ အစဉ်များဖြင့် ကြပ်မတ်မည်ဖြစ်ကြောင်းသိရသည်။
ယင်းပြင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းအပါအဝင် စားအုန်းဆီတင်သွင်းခွင့်ရသည့် ကုမ္ပဏီများပါဝင်ကာ စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖွဲ့ထားကြောင်း သိရသည်။
စားအုန်းဆီဈေးနှုန်းသည် ဩဂုတ် ၂၉ ရက်နေ့အထိ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ရှိခဲ့ရာ ယနေ့တွင် တစ်ပိဿာ ကိုးထောင်ကျပ် သို့လျော့ကျသွားကြောင်းသိရသည်။
ဇူလိုင်လ ၁ ရက်နေ့တွင် စားအုန်းဆီတင်သွင်းသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး စားအုန်းဆီ ဈေးနှုန်းမြင့်တက်နေ၍ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချရန် စစ်ကောင်စီက သတိပေးထားသည်။
ခေတ်အဆက်ဆက် အာဏာရှင်တို့ကျင့်သုံးသော နည်းလမ်းဖြင့် ဈေးကွက်ထိန်းချုပ်မှုကို စစ်ကောင်စီက ဆက်လက်လုပ်ဆောင်ပြီး သက်ဆိုင်ရာ ကုန်ပစ္စည်းများနှင့် ပတ်သက်သူများကို ဖမ်းဆီးစစ်ဆေးခြင်းဖြင့် ကုန်ဈေးနှုန်း ကျဆင်းစေရန် ပြုလုပ်လျက်ရှိကြောင်း ဝေဖန်ပြောဆိုကြသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း ဥက္ကဌအပါအဝင် ဆီကုန်သည်တချို့ကို စစ်ကောင်စီက ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မီဒီယာများ၏ဖော်ပြချက်အရသိရသည်။
မြန်မာနိုင်ငံတွင် စားအုန်းဆီထုတ်လုပ်မှုနှစ်စဉ် တန်လေးသိန်းရှိပြီး ပြည်ပမှနှစ်စဉ် တန်ချိန် ခုနစ်သိန်းသွင်းယူရကြောင်း သိရသည်။
#စားအုန်းဆီ #ကျဆင်းရေးကြပ်မတ် #မြို့ကြီးများအလိုက် #သတ်မှတ်ဈေးဖြင့်ရောင်းချမည်ဟုဆို
#Ayeyarwaddy_Times