ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၂၁ ရက်
တနင်္သာရီ တိုင်း၊ရေဖြူမြို့နယ်၊ အလယ်စခန်းရွာအနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးကြောင်း ရေးပျောက်ကြားတပ်ဖွဲ့(YGF) က ယနေ့ဇူလိုင်လ ၂၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အလယ်စခန်းရွာအနီးသို့ စစ်ကြောင်းထိုးလာသည် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် KNLA တပ်ရင်း(၂၇) တပ်ခွဲ-၂ ၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အခု ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ ကျွန်တော်တို့ ဘက်က စစ်ရေး အားသာချက်နဲ့ ဖော်ဆောင်ခဲ့ တာဖြစ်တယ်။ သူတို့နဲ့ ကျွန်တော်တို့က စိတ်ဓာတ်ရေးရာကအစ မတူဘူးလေ။ ယုံကြည်ချက်ခြင်းလည်း အရမ်း ကွာပါတယ်။ ဒါကြောင့် အဲဒီတိုက်ပွဲမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်” ဟု ရေးပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူ က ဧရာဝတီ တိုင်းမ် ကိုပြောသည်။
အလယ်စခန်းရွာအနီး တိုက်ပွဲသည် ဇူလိုင်လ ၁၈ ရက်နေ့ မနက် ၁၀ နာရီကနေ မွန်းလွဲ ၂ နာရီ ခန့်အထိ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တောင်ကုန်းပေါ်မှ လက်နက်ကြီး၊လက်နက်ငယ် များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရေးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် စောမွန်လေး ကျဆုံးခဲ့ပြီး KNLA တပ်ရင်း (၂၇) တပ်ခွဲ- ၂ မှ ရဲဘော် တစ် ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။
မလွှဲတောင် စစ်ဆေးရေးဂိတ်မှ လေးမိုင် ခန့်ကွာဝေးသည့် အလယ်စခန်း ကျေးရွာသည် ရေး -ထားဝယ်ကားလမ်းမပေါ်တွင်ရှိပြီး ပြီးခဲ့သည့် မေလအတွင်းက အလယ်စခန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ ၊ရေးပြောက်ကျားတပ်ဖွဲ့
#ရေဖြူမြို့နယ် #အလယ်စခန်းရွာအနီးတိုက်ပွဲ #စစ်ကောင်စီတပ်သား #၃၅ဦးသေ #Ayeyarwaddy_Times