ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်
ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်(PRF) မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ၁၇ လတာကာလအတွင်းရရှိခဲ့သည့်ထောက်ပို့ငွေ အမေရိကန် ၁၀ ဒဿမ ၃ သန်းလက်ခံရရှိခဲ့ပြီး သက်ဆိုင်ရာတပ်ရင်း၊တပ်ဖွဲ့များတွင် အသုံးပြုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကထုတ်ပြန်ထားသည်။
ထောက်ပို့လုပ်ငန်းစဉ်များမှ ရရှိလာသည့် ထောက်ပို့ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျောက်အနက် ဒေါ်လာ ၉ ဒဿမ ၀၃ သန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းများထောက်ပံ့စားရိတ်အဖြစ် အသုံးပြုခဲ့ပြီး ကျန်သည့် ဒေါ်လာ ၁ ဒဿမ ၉ သန်းအား စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများထံ တိုက်ရိုက်လွှဲအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်-PRF သည် PDF တပ်ရင်းများ၏ ထောက်ပံ့စားရိတ်အတွက် ၇၁ ဒဿမ ၄၂ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ်စီမှ ရရှိခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာသုံးစွဲမှု အချက်အလက်များကို ရှင်းလင်းတင်ပြခြင်းဖြစ်ကြောင်ကိုလည်း ဖော်ပြထားသည်။
ယခုအခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းများအားလုံးနေပြည်တော်သို့ ဆိုသည့် ဗျူဟာမြောက် စစ်ဆင်ရေးကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထုတ်ဖော်ပြောဆိုထားသလို အဓိကစစ်ဆင်ရေးတစ်ခု ဖြစ်လာမည့် ပဲခူးရိုးမအတွက် လိုအပ်သည့်ခဲယမ်းများရနိုင်ရန် ဒေါ်လာ ၃ သိန်းရရှိရေးအတွက် “ရိုးမခေါ်သံ” ကမ်ပိန်းကိုလည်း ဒါရိုက်တာကိုပေါက်မှ ဦးဆောင်ပြုလုပ်နေကြောင်း သိရသည်။
ဓာတ်ပုံ – Ministry of Defense၊ NUG
#PRF #MOD #NUG #PDF #ရိုးမခေါ်သံ #Ayeyarwaddy_Times