ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇူလိုင် ၆ ရက်

ချင်းပြည်နယ်၊ ဟားခါး-ဖလမ်းအကြားတွင် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်က စစ်ကောင်စီ၏ သံချပ်ကာယာဥ်နှစ်စီးကို ဖျက်ဆီး နိုင်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကျပ်သိန်းပေါင်း ၄,၀၀၀ ဂုဏ်ပြု ချီးမြှင့်ခဲ့ ကြောင်းသိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က ချင်းပြည်နယ်တွင် မိုးတွင်းစစ်ဆင်ရေးအတွက် ကလေးမြို့မှ ဟားခါးမြို့သို့ လက်နက်ရိက္ခာတင်ပို့လာသော သံချပ်ကာယာဥ် ၂ စီးအပါအဝင် ထောက်ပို့ယာဥ် ၃၀ စီးကို ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်က ဟားခါး မြို့မရောက်မီအကုန် ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“အရင်ကတည်းက NUG က ထုတ်ပြန်ချက်ထုတ်ပြန်တာရှိတယ်။ စစ်ကောင်စီရဲ့ တင့်ကား တစ် စီးဖျက်ဆီးနိုင်ရင် ဆုကြေးချီးမြှင့်မယ်ပေါ့နော်။ သူတို့ကတိပေးထား တဲ့အတိုင်း ဂုဏ်ပြုငွေပေးအပ်တဲ့အတွက် ကျွန်တော်တို့အတွက် အထောက်အကူ တော်တော်ပြုမှာပါ။ ကျွန်တော်တို့လည်း စည်းစည်းလုံးလုံးပူးပေါင်းမှုနဲ့ အောင်မြင်မှုရ ခဲ့တာပါ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါဂုဏ်ပြုငွေကို ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်က ကျင်းပခဲ့သော NUG ၏ (၂၂) ကြိမ်မြောက်၊ အစိုးရအဖွဲ့အစည်းအဝေးတွင် စိစစ်ချီးမြှင့်ရေးအဖွဲ့ က လေ့လာသုံးသပ် စိစစ်ပြီး CNA နှင့် CDF တို့၏ တာဝန်ရှိသူများကို ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးကို ဟားခါး-ဖလမ်းအကြားရှိ ဇိန်မှုတောင် (Zinghmuh Tlang)ကို အမှီပြုပြီး ဇိန်မှုစစ်ဆင်ရေးဟု အမည်ပေးထားကြောင်းချင်း ကာကွယ်ရေးတပ်ဖွဲ့များ ထံက သိရသည်။

ဓာတ်ပုံ-ချင်းကာကွယ်ရေးပူးပေါင်းတပ်က ဖျက်ဆီးခဲ့သော သံချပ်ကာယာဥ် ၂ စီး
#ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ #သံချပ်ကာယာဥ်နှစ်စီး #ဖျက်ဆီးနိုင်ခဲ့ #NUG #ကျပ်သိန်းလေးထောင်ဂုဏ်ပြုချီးမြှင့် #Ayeyarwaddy_Times