ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်
ဧရာ၀တီတိုင်း မြောင်းမြမြို့ ပေါ်ရှိ ကေတီဗီ အခန်းပါသည့် စားသောက်ဆိုင်များကို အုပ်ချုပ်ရေးနှင့် စစ်ကောင်စီတပ်ဖွဲ့၀င်များပူးပေါင်းပြီး ရက်အကန့်အသန့်မရှိ ယာယီ ပိတ်လိုက်ကြာင်း ဒေသခံများထံကသိရသည်။
မြောင်းမြမြို့ ရှိ ကေတီဗီ စားသောက်ဆိုင်( ၉ ) ဆိုင်ကို ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က စတင်ကာ စစ်ကောင်စီတပ်ဖွဲ့၀င်းများက ပိတ်သိမ်းခဲ့ရာ HAPPY KTV ဆိုင်က ဆက်လက်၍ ဖွင့်နေသည်ဟုဆိုကာ ချိပ်ပိတ်လိုက်ကြာင်း မြောင်းမြမြို့ခံများကပြောသည်။
“ဆိုင်တွေပိတ်ထားပေမယ့် လကုန်ကြေးဆိုပြီး လိုက်တောင်းနေတာပဲ၊ သူတို့ပြောတာတော့ လိုင်စင်သက်တမ်း ငါးလကျန်ကိုဖျက်သိမ်းပြီး အသစ်ပြန်ရှောက်ရမယ်လို့ပြောတယ်။ တကယ်က ဒါတွေအကြောင်းပြပြီး PDF တွေခိုအောင်းမှာဆိုးလို့ ပိတ်ခိုင်းတာလဲတယ်လို့ပြောနေကြတယ်” ဟု မြောင်းမြမြို့ခံတစ်ဦးက ဧရာ၀တိုင်းမ်ကိုပြောသည်။
အဆိုပါ ဆိုင်များသည် စခန်းမှူးအပါအဝင် အုပ်ချုပ်ရေးမှူးရွှေသီး နှင့် နယ်ထိမ်းတို့ကို တစ်လျှင် သုံးသိန်းကျပ် ၊ ဒုစရိုက်မှုနှိမ်နှင်းရေးရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် မြတ်စိုးမင်းအား သုံးသိန်းကျပ်နှင့် အခြားအဖွဲ့များကို ငါးသောင်း ကျပ် လစဥ်ကြေးပေးဆောင်ပြီး ဆိုင်ဖွင့်နေရကြောင်း မြောင်းမြမြို့ခံများထံက သိရသည်။
ထို့ပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ တို့ရှိ ကလပ်နှင့် ဘားများကိုလည်း အကန့်အသတ်မရှိ ယာယီပိတ်ထားရန် ဇူလိုင်လ ၃ ရက်နေ့တွင်
စစ်ကောင်စီတပ်တွေက ညွှန်ကြားထားကြောင်း သိရသည်။
ဓာတ်ပုံ-မြောင်းမြမြို့ ဝကျော် KTV စားသောက်ဆိုင်ပုံဟောင်းဖြစ်သည်။
#မြောင်းမြမြို့KTVစားသောက်ဆိုင် #အုပ်ချုပ်ရေးမှူး #စစ်ကောင်စီ #ရက်အကန့်အသတ်မရှိပိတ်
#Ayeyarwaddy_Times