ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ အစ္စလာမ်ဘာသာဝင်များရဲ့ အိဒ်မှာကုန်ဘာနီလုပ်ဖို့ အတွက် စစ်ကောင်စီတပ်အရာရှိနဲ့ ထွေအုပ် အရာရှိတွေကို ငွေကျပ် သိန်း ၆၀ ကျော် ပေးခဲ့ရကြောင်း သတင်းရရှိသည်။
တရားဝင်ပြုလုပ်ဖို့အတွက် ဗလီအလိုက် နွား/ဆိတ် အကောင်အရေအတွက်ဖြင့် အခွန်ပေးဆောင်ပြီးတဲ့အပြင် ခရိုင်ထွေအုပ်အရာရှိနဲ့ စစ်ကောင်စီတပ်အရာရှိတို့အတွက် သီးခြားထပ်မံပေးခဲ့ရတယ်ကြောင်း နီးစပ်သူများမှပြောသည်။
” ဗလီအားလုံးမှာ လုပ်မယ့်အကောင်အရေအတွက်အတိုင်းအခွန်ဆောင်ပြီးသားကို ထပ်တောင်းတာ၊လာတောင်တာ ထွေအုပ် ကတစ်ခါတောင်းတယ်၊ ရဲက တစ်ခါလာတောင်းတယ်”ဟု နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီတပ်အရာရှိအတွက် ပေးရသည့် ငွေကျပ် သိန်း ၂၀ ကို စစ်ကောင်စီတပ်သားတစ်ဦးက လာတောင်းပြီး အုပ်ချုပ်ရေးကောင်စီက ဗိုလ်မှူး စွမ်းထက်အတွက်ကို သီးသန့် ထွေအုပ်ဝန်ထမ်းက လာတောင်းယူတာဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
ဒ့ါပြင် ဝါးခယ်မမြို့နယ်ရဲစခန်းမှူး အတွက်ကို တော့ ဒုရဲအုပ် တစ်ဦးက ဗလီမှာ လာပြီး သိန်း ၂၀ တောင်းယူသွားကြောင်း နောက်ထပ်ဒေသခံအစ္စလာမ်ဘာသာဝင်တစ်ဦးမှပြောသည်။
ခုလိုမျိုး လာရောက်တောင်းယူတာဟာ အခွန် အခပေးချိန်တွင် ထည့်သွင်းပေးထားတဲ့အပြင် သီးခြားထပ်မံလာရောက်တောင်းယူခြင်းဖြစ်သည်ဟုဆိုသည်။
ဝါးခယ်မမြို့နယ်တွင် စုစုပေါင်း ဗလီ ၉ လုံးရှိပြီး အိဒ်မှာကုန်ဘာနီပွဲတော်ပြုလုပ်ဖို့အတွက် အနည်းဆုံး ဗလီတစ်ခုကို ငွေကျပ် သိန်း ၁၀၀ နီးပါးအသုံးပြုခဲ့ရသည်ဟု အစ္စလာမ်ဘာသာဝင်များမှ ပြောသည်။
#ဝါးခယ်မမြို့နယ် #ဗလီများ #ဆက်ကြေးပေးပြီး #အိဒ်မှာကုန်ဘာနီပွဲတော်ပြုလုပ်ခဲ့ရ #စစ်ကောင်စီတပ် #ထွေအုပ် #ရဲစခန်းမှူး #Ayeyarwaddy_Times