ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်
အရှေ့တီမောနိုင်ငံ၏ အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို မြန်မာနိုင်ငံကိုယ်စားပြုကာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အရှေ့တီမောနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေးရားမို့စ်ဟော်တာက မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံကိုယ်စားပြု တက် ရောက်သော နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းခန့်တို့ကိုထည့်သွင်းနှုတ်ဆက်သွားကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လက်ရှိသမ္မတအသစ်အဖြစ်ကျမ်းသစ္စာကျန်ဆိုသူ ဟိုဆေးရားမို့စ်ဟော်တသည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရှင်ဖြစ်ပြီးကမ္ဘာ့ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ဥက္ကဌလည်းဖြစ်သည်။
လက်ရှိအရှေ့တီမောနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေးရားမို့စ်ဟော်တာနှင့် အမျိုးသားညီညွတ်ရေးအစိုးရသံတမန်ဆက်ဆံရေးကောင်းမွန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ကုလသမဂ္ဂအသိမှတ်ပြုရေး၊ မြန်မာနိုင်ငံကိုယ်စားပြုအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား ကုလ သမဂ္ဂတွင် ၄င်း၏ နေရာ ဆက်လက် ရရှိရေး အွန်လိုင်းလက်မှတ်ရေးထိုး လှုပ်ရှားမှုတွင်ပါဝင်လက်မှတ်ရေး ထိုးခဲ့သူဖြစ်သည်။
#အရှေ့တီမောအစိုးရသစ် #ကျမ်းသစ္စာကျိန်ဆိုပွဲ #မြန်မာနိုင်ငံ #ကိုယ်စားပြုကာ #NUGနိုင်ငံခြားရေးဝန်ကြီး #ဒေါ်ဇင်မာအောင်တက်ရောက် #Ayeyarwaddy_Times