ဧရာ၀တီတိုင်းမ်
ဇွန် ၁၂ ရက်

နေပြည်တော်ကောင်စီနယ်မြေရှိ စစ်ကောင်စီလက်အောက်ခံ လယ်ဝေးမြို့မရဲစခန်းကို ယနေ့ ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံ ရကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ ညနေပိုင်း ၅ နာရီခန့်က နေပြည် တော်၊ လယ်ဝေးမြို့၊ (၄) ရပ်ကွက်ရှိ မြို့မရဲစခန်းကို ဆိုင်ကယ်စီးနင်းလာသူများမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သူထံက သိရ သည်။

“ဆိုင်ကယ်နဲ့ လာပစ်သွားတာ။ စခန်းထဲက ရဲအုပ်လည်း ထိတယ်ကြားတယ်။ ထိမယ့်သူများတယ်။ တည့်တည့်ကျတာ။ အသေးစိတ်တော့ မသိရသေးဘူး”ဟု နေပြည်တော်ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဗုံးပစ်ခံမှုကြောင့် စစ်ကောင်စီလက်အောက်ခံ လယ်ဝေးရဲစခန်းမှ ရဲအုပ်တစ်ဦး၊ ရဲတစ်ကြပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပြီး အသေးစိတ်ကိုမူ ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် စုံစမ်း အတည်ပြုလျက်ရှိသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး “ပေါက်ကွဲခဲ့တာဟုတ်တယ်။ အတော်ကျယ်တယ်။ မြို့ပြပေါ် ရောက်လာပြီဆိုတဲ့သဘောပဲ”ဟု လယ်ဝေး ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို မသိရှိရသေးပေ။

#နေပြည်တော် #လယ်ဝေးမြို့မရဲစခန်း #လက်ပစ်ဗုံး #တိုက်ခိုက်ခံရ #ဒုရဲအုပ်အပါ၃ဦး #အပြင်းအထန်ဒဏ်ရာရ #Ayeyarwaddy_Times