ဧရာဝတီတိုင်းမ်
မေလ ၂၄ ရက်

စင်ကာပူလေတပ်မှ C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်းကို မြန်မာနိုင်ငံရှိ ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့် ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလေယာဉ်နှစ်စင်းဟာ မလေးရှားနိုင်ငံ ဆူဗန်းမြို့ကနေ ရန်ကုန်မြို့သို့ ၁၀ ခေါက် ပျံသန်းခဲ့တယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာနက ဖေ့စ်ဘုတ်မှာ ပြောကြားခဲ့ပါတယ်။

စင်ကာပူလေယာဉ်တွေရဲ့ နှစ်ရက်ကြာ ကယ်ဆယ်ရေးပစ္စည်းတွေ
ပို့ဆောင်တဲ့မစ်ရှင်ကို ချန်ဂီလူသား ချင်းစာနာမှု အကူအညီပေးရေးနဲ့ အာဆီယံ လူသားချင်းစာနာမှုနှင့် ဘေးအန္တရာယ် ညှိနှိုင်းဆောင်ရွက်ရေးစင်တာ တို့က ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ တိုက်ခတ်မှုကြောင့် မေလ ၁၉ ရက်အထိ သေဆုံးသူ ၁၄၅ ဉီးရှိခဲ့ပြီး အများစု က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာနိုင်ငံရှိ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဖို့ စင်ကာပူကြက်ခြေနီအသင်း (SRC) က လူသားချင်းစာနာမှု အကူအညီအဖြစ် ဒေါ်လာ ၅၀၀၀၀၀ လှူဒါန်းဖို့ ကတိပြုခဲ့ပါ တယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) က စေတနာ့ဝန်ထမ်း ၇၀၀ ကျော်ကို စည်းရုံးကာ ဆိုင်ကလုန်း မုန်တိုင်းဘေးသင့် ပြည်သူ ၁ ဒသမ ၂ သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးရာမှာ ကူညီခဲ့တယ်လို့ SRC က ပြောပါတယ်။

ကိုးကား – The Straits Times
Ref; Two RSAF C-130s deliver relief supplies to Myanmar to help victims of
Cyclone Mocha

#Ayeyarwaddy_Times