ဧရာဝတီတိုင်းမ်
မေလ ၂၀ ရက်

ဧရာဝတီတိုင်းမှာ ဧပြီလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရုံးဌာနတွေ တိုက်ခိုက်ခံရမှု ၁၆ ကြိမ်ထိ ရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ စာရင်းမှတ်တမ်းတွေအရ သိရပါတယ်။

တိုက်ခိုက်မှု ၁၅ ကြိမ်မှာ စစ်ကောင်စီတပ်သားတွေကင်းစောင့်တဲ့ ဘန်ကာတွေကို မိုင်းခွဲတိုက်ခိုက်တာ တွေနဲ့ စစ်ကောင်စီတပ်ကပြုလုပ်တဲ့ သင်္ကြန်မပ်နား ဗုံးခွဲအသိပေးတာတွေပါဝင်သလို စစ်ကောင်စီ သတင်းပေးတွေကို ရှင်းလင်းခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“ ခုနောက်ပိုင်း ပြန်လှုပ်ရှားလာတာ အားရဖို့ကောင်းတယ်၊ တစ်ဖက်မှာလည်း စစ်ကောင်စီတပ််က စွပ်စွဲဖမ်းဆီးတာတွေများလာတယ်၊ နောက်ပိုင်းတော့ ပိုများလာမယ်ထင်တယ်၊ မစ်ရှင်တွေများရင် အဖမ်းခံရသူများမယ်၊ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း သတိထားသွားလာဖို့တော့လိုမယ်”လို့ နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဧပြီလကနေ မေလ အတွင်း လုပ်ဆောင်ခဲ့တဲ့ မစ်ရှင် ၁၅ ခုဟာ စစ်ကောင်စီတပ်ပစ်မှတ် ၁၀ ခုနဲ့ စစ်ကောင်စီ တပ်ရဲ့ လက်အောက်ခံ ရုံးတွေတိုက်ခိုက်မှုနဲ့ စစ်ကောင်စီသတင်းပေးရှင်းလင်းတဲ့ မစ်ရှင်တွေဖြစ်တယ်လို့ သိရပါတယ်။

မစ်ရှင် ၁၅ ခုမှာ စစ်ကောင်စီတပ်ရဲ့ စရဖ တပ်ဖွဲ့ဝင်တဦး၊ စစ်ကောင်စီတပ်ကြပ်ကြပ်ကြီး ၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်သူ ၁၀ ထက်မနည်းရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောဆိုပါတယ်။

#ဧရာဝတီတိုင်း #တစ်လအတွင်း #စစ်ကောင်စီတပ်နဲ့ #လက်အောက်ခံများ၁၅ကြိမ် #တိုက်ခိုက်ခံရ
#Ayeyarwaddy_Timesa