ဧရာဝတီတိုင်းမ်
မေလ ၂၇ ရက်
ဧရာ၀တီတိုင်း ဟင်္သာတမြို့ မီးရထား
တိုင်း(၉)ရုံး ရှေ့မှာ မေလ၁၂ရက်နေ့က
ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် CDMလုပ်ခဲ့ဖူးတဲ့ မီးရထားဝန်ထမ်း ခြောက် ဦးကို စစ်ကောင်စီကဖမ်းဆီးသွားကာ ယနေ့အထိစစ်ဆေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးပေါက်တာနဲ့ ရုံးက စစ်တပ်ကိုဖုန်းဆက်ခေါ်လိုက်တာ စစ်တပ်ရောရဲကောရောက်လာတယ် နောက်ပြီးတော့
အရင်က CDMလုပ်ပြီး ခုခံ၀န်နဲ့အလုပ်ပြန်၀င်လာတဲ့ ၀န်ထမ်း၆ဦးကို စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းသွားကြတာပဲ”လို့
မီးရထား၀န်ထမ်းမိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
မေလ ၁၂ ရက်နေ့ မနက် ၉ နာရိီအချိန်က ဟင်္သာတမြို့နယ်၊ ကနောင်စုရပ်ကွက်က မီးရထားတိုင်း (၉)ရုံး ရှေ့မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်များလာရောက်စစ်ဆေးစဥ်မှာ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကိတွေ့ရှိသိမ်းဆည်းသွားတယ်လို့သိရပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာရသူမရှိပဲ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက မီးရထား၀န်ထမ်း ၆ ဦးအပြင် မြို့ပေါ်ရှိလူငယ် ၁၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပြီးတစ်ချို့ကို ငွေကြေးယူပြီးပြန်လွှတ်တာတွေရှိတယ်လို့မြို့ခံတွေက ဆိုပါတယ်။
မေလ ၅ ရက်နေ့ ည ၇ နာရီအချိန်က ဟင်္သာတမြို့စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စ.ရ.ဖ) တာ၀န်ခံ တပ်ကြပ်ကြီး
အောင်ထိုက်ဆိုသူကို ဒေသခံပြည့်သူကာကွယ်ရေးအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ပြီးနောက်ပိုင်း
မြို့တွင်းမှာ အဖမ်းအဆီးတွေပိုမိုများပြားလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
#ဟင်္သာတ #CDM #မီးရထား #ဝန်ထမ်း #ဖမ်းဆီး
#Ayeyarwaddy_Times