ဧရာဝတီတိုင်းမ်
မေလ ၁၇ ရက်

ဒီသီတင်းပတ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ တိုက်ခတ်တာခံခဲ့ရတဲ့ မြန်မာနိုင်ငံက မုန်တိုင်းသင့် ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၅၀၀၀၀ ပံ့ပိုးကူညီမယ်လို့ စင်ကာပူကြက်ခြေနီ အသင်း (SRC) က ကတိပြုလိုက် ပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် လူသားချင်းစာနာမှု အကူအညီ အရေးပေါ် လိုအပ်နေပြီး မြန်မာနိုင်ငံ ကြက် ခြေနီအသင်း (MRCS) က ဘေးသင့်အသိုင်းအဝိုင်းများသို့ အရေးပေါ်အကူအညီ ပေးအပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ SRC က ဆိုပါတယ်။

ပြင်းအား အဆင့် ၅ ရှိ ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ တနင်္ဂနွေနေ့က ဝင်ရောက် တိုက်ခတ်ခဲ့ရာ နေအိမ်အများအပြား ပျက်စီးကာ လူနေဧရိယာများ ရေနစ်မြှုပ်ခဲ့ပါတယ်။

အင်အားအပြင်းဆုံး မုန်တိုင်းတစ်ခုဖြစ်တဲ့ ‘မိုခါ’ မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူခြောက် ဉီး သေဆုံးခဲ့ပြီး ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ရိုဟင်ဂျာ ၂၉ ဉီးခန့် သေဆုံးခဲ့ပြီး လူသေဆုံးမှုနှုန်းကို အတည်ပြုနေဆဲလို့ သတင်းအချို့က ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပြည်သူတွေလှူဒါန်းနိုင်တဲ့ သီးခြား ရန်ပုံငွေတစ်ရပ် မတည်ဖို့ SRC က စီစဉ်နေပါတယ်။

“ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ တိုက်ခတ်ပြီးနောက် ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်တဲ့အပေါ် ကျွန်တော်တို့ အလွန်ကို စိုးရိမ်မိပါတယ်” လို့ SRC အထွေထွေအတွင်းရေးမှူး ဘင်ဂျမင်ဝီလီယမ်က ပြောပါတယ်။

“ကနဉီး အကဲဖြတ်ချက်တွေအရ ထိခိုက်ပျက်စီးမှုပမာဏ ကြီးမားပြီး ရခိုင်ပြည်နယ်က စစ်ဘေးရှောင် တွေ အပါအဝင် လူ့အသိုင်းအဝိုင်းတွေကြား လိုအပ်ချက် ကြီးမားပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – The Straits Times
Ref; Singapore Red Cross pledges $50,000 to support Myanmar cyclone victims