ဧရာဝတီတိုင်းမ်
မေလ ၁၂ ရက်
ဧရာ၀တီတိုင်း၊ မြောင်းမြမြို့က ကမ္ဘောဇဘဏ်ရှေ့မှာ မေလ ၁၀ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသားတစ်ဦး လဲကျသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။
လမ်းပေါ်လဲကျသေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက်ငယ်ရွယ်ပိုင်းတစ်ဦးဖြစ်ပြီး ဘာကြောင့်သေဆုံးတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“လဲကျသွားပြီးထဲက အသက်မရှိတော့ဘူး၊ နေပူရှိန်ကြောင့် ဦးနှောက်သွေးကြောပြတ်တာလား၊ ကိုဗစ်ကြောင့်လားမသိလို့ လူမှုကူညီရေးကိုအကြောင်းကြားလိုက်တာ။ ရဲတွေပါရောက်လာပြီ ဆေးရုံကိုသယ်သွားတာပဲ”လို့ မြောင်းမြမြို့ဒေသခံတစ်ဦးကပြောပါတယ်။
သေဆုံးသူအမျိုးသားဟာ အသက် ၄၀ ကျော်ခန့်လို့ခန့်မှန်းရပြီး ပြင်ပဒဏ်ရာမျမတွေ့ပဲသေဆုံးခဲ့တာကြောင့် မြောင်းမြမြို့ဆေးရုံ မှာ ရင်ခွဲစစ်ဆေးဖို့
ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မတ်လအတွင်းမှာ နေ့အပူချိန်မြင့်တက်လာမှုကြောင့် ရုတ်တရက် လဲကျပြီး အသက်သေဆုံးမှုဖြစ်စဥ်တွေ နိုင်ငံအနှံမှာဖြစ်ပေါ်နေပြီး ဧရာ၀တီတိုင်းမှာ သင်္ကြန်ပွဲတော်အပြီး ကိုဗစ်ပိုးတွေ့လူနာတွေပြန်လည်များပြားလာပြီးမေလ ၆ ရက်နေ့က ဟင်္သာတမြို့မှာ
လူနာတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။