ဧရာဝတီတိုင်းမ်
မေလ ၁၂ ရက်

အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ အတိုက်အခံတွေနဲ့ ဆွေးနွေး မှုတစ်ရပ် စတင်ဖို့ အာဆီယံအဖွဲ့က မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သည်းခံမှာမဟုတ်ဘူး” လို့ အင်ဒိုနီးရှားနိုင်ငံ ဖလော် ရစ်ကျွန်းပေါ်ရှိ အပန်းဖြေမြို့ လူဘွန်ဘာဂျိုမြို့မှာပြုလုပ်တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီးမှာ သမ္မတ ဂျိုကိုဝီဒို ဒိုက ပြောကြားပါတယ်။

အာဆီယံအဖွဲ့ရဲ့ အများယုံကြည်လက်ခံနိုင်စွမ်းက အရေးကြီးတာကြောင့် အားလုံးပါဝင်ရေးမူကို အာဆီ ယံအဖွဲ့က ခိုင်မာစွာ ဆုပ်ကိုင်ထားရမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဂျိုကိုဝီက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် လူထုအုံကြွမှုဖြစ်လာခဲ့ရာ လုံခြုံရေးတပ် ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံရဲ့ ကစဉ့်ကလျားအခြေအနေကို ဖြေရှင်းရာမှာ ပိုမို တက်ကြွသော အခန်းကဏ္ဍကနေပါဝင်ဖို့ အာဆီယံအဖွဲ့ဟာ ဖိအားပေးခံနေရပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း အပြစ်မဲ့ပြည်သူ ၃၀၀၀ ကျော် သတ်ဖြတ်ခံရကာ ပြည်သူ ၁ ဒသမ ၈ သန်း ကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာ ငြိမ်းချမ်းသောအဖြေရှာဖို့ ၂၀၂၁ ခုနှစ်က ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံ ခေါင်းဆောင်တွေ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ သိသာတဲ့တိုးတက်မှု မရှိခဲ့ဘူးလို့ ဂျိုကိုဝီက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – Bernama
Ref; Indonesian president says Myanmar human rights abuses cannot be tolerated
#Ayeyarwaddy_Times