ဧရာဝတီတိုင်းမ်
မေလ ၁၂ ရက်
မြန်မာပဋိပက္ခကိုဖြေရှင်းရာမှာ အာဏာသိမ်းစစ်ကောင်စီသာမက အတိုက်အခံတွေနဲ့လည်း ထိတွေ့ ဆက်ဆံဖို့ လိုအပ်တယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ယုံကြည်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ပြောကြားလိုက်ပါတယ်။
အာဆီယံနိုင်ငံတွေက ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံမှာ တင်းမာမှုတွေ လျှော့ချပေးမယ့် သဘောတူညီ ချက်တစ်ရပ် ရရှိတော့မယ်လို့ ၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်မှာ မားကို့စ်က ပြောပါတယ်။
“မြန်မာ့အရေးကို ဖြေရှင်းရာမှာ ကျွန်တော်တို့ ပိုကြိုးစားဖို့ လိုအပ်တယ်ဆိုတာ အာဆီယံအဖွဲ့ဝင်နိုင်ငံ တွေကြား ဘုံသဘောတူညီချက်တစ်ရပ် ရရှိတော့မယ့်ပုံပေါ်ပါတယ်” လို့ မားကို့စ်က ဆိုပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်ကို မဖော်ဆောင်ခဲ့တာကြောင့် မြန်မာစစ်ကောင်စီ၊ အတိုက်အခံနှစ်ခုစလုံးနဲ့ ပြန်လည်ထိတွေ့ဆက်ဆံမယ့် နည်းလမ်းတွေရှာဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုက အကြံပြုတယ်လို့ သူက ဆက်ပြောပါတယ်။
“မြန်မာ့အရေးဖြေရှင်းရာမှာ အာဏာသိမ်းစစ်တပ်သာမက အတိုက်အခံတွေနဲ့လည်း ထိတွေ့ဆက်ဆံတာ ကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခု ဖြစ်ပါတယ်” လို့ မားကို့စ်က ဆိုပါတယ်။ ဖိလစ်ပိုင်အစိုးရက အဆိုပါအကြံဉာဏ် ကို ထောက်ခံတယ်လို့ သူက ပြောပါတယ်။
အာဆီယံထိပ်သီးဆွေးနွေးပွဲကျင်းပနေစဉ် စီစဉ်ထားသော ရွေးကောက်ပွဲမတိုင်မီ အာဏာခိုင်မြဲအောင် ကြိုးပမ်းနေတဲ့ မြန်မာစစ်ကောင်စီက ခုခံတော်လှန်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါ တယ်။
ကိုးကား – GMA News
Ref; Marcos: ASEAN members want ways to reengage Myanmar junta, opposition
#Ayeyarwaddy_Times