ဧရာဝတီတိုင်းမ်
မေလ ၁၂ ရက်
မြန်မာနိုင်ငံအတွင်းသို့ အင်အားပြင်း မိုချာဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ရန် တာစူ နေချိန်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ဆက်လက်ပြုလုပ်နေပြီး မေလ ၁၀ ရက်နေ့က ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ရှိ ဒေသခံ ၂၁ ဦးကို အစုလိုက် အပြုံလိုက် မီးရှို့ သတ်ဖြတ်ခဲ့သည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျောက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်ကြားရှိ ညောင်ပင်သာ ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်သည် ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံရွာသားများကို ဖမ်းဆီးကာ အသက်မပြည့်သေးသည့် ကလေးငယ် လေး ဦးအပါအဝင် အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၈ ဦး စုစုပေါင်း ၁၉ ဦးကို ရက်ရက်စက်စက် ခုတ်ပိုင်း၍ အစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“ကျိုက်ထို တပ်မ (၄၄) ဘက်က တပ်သားတွေ ကိုလာချပြီး စစ်ကြောင်းထိုး တယ်လို့ သိရတယ်။ ဘယ်တပ်တွေလည်းတော့ သေချာမသိဘူး။ တိုက်ပွဲက နေ့လယ် ၂ နာရီလောက်မှာပြီးတယ်။ ဖမ်းထားတဲ့ရွာသားတွေကို ည ၈ နာရီလောက်မှာ သတ်ပြီး ခုတ်ပိုင်းပြီးတော့ မီးပုံရှို့သွားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် အဆိုပါစစ်ကြောင်းသည် ညောင်ပင်သာရွာအနီးရှိ သရက်ကုန်းရွာ ကျွန်းဝောာထဲတွင် အမျိုးသမီး နှစ် ဦးကို မုဒိန်းကျင့်၍ ထပ်မံသတ်ဖြတ်ခဲ့ပြီး အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“အခုအသတ်ခံရတဲ့သူအားလုံးနီးပါက စစ်တပ်ထောက်ခံသူတွေပါ။ သူတို့ကို မလုပ် လောက်ပါဘူးဆိုပြီး စစ်ကြောင်းလာတဲ့အချိန်မှာ ထွက်မပြေးဘဲ နေခဲ့တဲ့သူတွေလို့ သိရတယ်။ အခုလာတဲ့စစ်ကြောင်းက လူငယ်တွေများတယ်။ လူငယ်သင်တန်းဆင်းလား၊ ရဲလားဝောာ့မသိဘူး။ မူးယစ်ဆေးတွေ သုံးထားတယ်လို့ယူဆရတယ်” ဟု ဝောာ်လှန်ရေး ရဲဘော်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူများထဲတွင် အသက်အငယ်ဆုံး ၅ နှစ်အရွယ် ကလေးငယ်မှစတင်၍ အသက်အကြီးဆုံး ၇၀ နှစ်အရွယ်ရှိ အဖိုးအိုထိပါဝင်ပြီး အများစုမှာ အသက် ၅၀ ဝန်းကျင်အရွယ်များဖြစ်ကြောင်း သိရသည်။
ညောင်ပင်သာကျေးရွာသည် ကျောက်ကြီးမြို့နယ်နှင့်ထန်းတပင်မြို့နယ်ကြားရှိ ရွာကြီး ဖြစ်ပြီး အိမ်ခြေ ၂,၀၀၀ ဝန်းကျင်ရှိကာ လူဦးရေ ၁၀၀,၀၀၀ (တစ်သိန်း) နီးပါးရှိ ကြောင်း သိရသည်။
ယခုအခါတွင် အဆိုပါ စစ်ကောင်စီတပ်သည် အနီးနားရှိရွာတချို့အား ဆက်လက် မီးရှို့ဖျက်ဆီးနေပြီး ညောင်ပင်သာကျေးရွာအောက်ပိုင်းတွင်စခန်းချထားကြောင်း သိရသည်။ ယင်း စစ်ကောင်စီတပ်ကြောင့် ဒေသခံ ၈၀၀ ကျော်မှာ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲ နှင့် နေရာထိုင်ခင်းအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-ညောင်ပင်သာတိုက်ပွဲဓာတ်ပုံ
#ပဲခူတိုင်း #ကျောက်ကြီး #ထန်းတပင် #ညောင်ပင်သာ #စစ်ကောင်စီတပ် #အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ် #မုဒိန်းကျင့် #Ayeyarwaddy_Times