ဧရာဝတီတိုင်းမ်
မေလ ၁၂ ရက်
မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အလွန် စိုးရိမ်မိတယ်လို့ အာဆီယံအဖွဲ့က ပြောကြားပြီး ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မှာ အာဆီယံ အကူအညီပေးရေးယာဉ်တန်း ပစ်ခတ်ခံရမှုကို ရှုတ်ချလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးစဉ် မြန်မာ့ပဋိပက္ခက အဓိက ဆွေးနွေး စရာ ပြဿနာတစ်ခုအဖြစ် လွှမ်းမိုးခဲ့ပါတယ်။
“မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိပြီး အကြမ်းဖက်မှုနဲ့ အင်အားသုံး တဲ့ ပုံစံအားလုံး ချက်ချင်း ရပ်ဆိုင်းဖို့ တိုက်တွန်းပါတယ်” လို့ အာဆီယံအဖွဲ့က မေလ ၁၀ ရက်မှာ ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
လူသားချင်းစာနာမှု အကူအညီ ဘေးအန္တရာယ်ကင်းစွာ အချိန်မီ ပေးအပ်နိုင်ရေး ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးဖို့နဲ့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အာဆီယံအဖွဲ့က ထုတ်ပြန်ချက်အတွင်း တောင်းဆိုပါ တယ်။
“အာဆီယံ အကူအညီပေးရေးယာဉ်တန်းအပေါ် တိုက်ခိုက်မှုကို ရှုတ်ချပြီး ကျူးလွန်သူတွေ တာဝန်ခံရမှာ ဖြစ်ပါတယ်” လို့ အာဆီယံခေါင်းဆောင်တွေက ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုရရှိစေဖို့ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံတာတွေ အပါအဝင် အာဆီယံဥက္ကဌရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
“အတူတကွ အဖြေရှာနိုင်မယ့် တွေ့ဆုံဆွေးနွေးရေး ပတ်ဝန်းကျင်ဖန်တီးဖို့ မေလ ၈ ရက်ကပြုလုပ်တဲ့ သ တင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက တောင်းဆိုခဲ့ပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ဖို့ ပျက်ကွက်မှုကြောင့် အာဆီယံအဖွဲ့က အာဏာသိမ်းစစ်ကောင် စီအပေါ် ပိုမို စိတ်ပျက်လာကာ မြန်မာဗိုလ်ချုပ်ကြီးတွေကို အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့်ပိတ် ပင်ခဲ့ပါတယ်။
ကိုးကား – CNA
Ref; ASEAN leaders ‘deeply concerned’ about Myanmar violence, urge ‘immediate cessation’
#Ayeyarwaddy_Times