ဧရာဝတီတိုင်းမ်
မေလ ၁၀ ရက်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက် ရာမှာ “vacuum bomb” လို့ခေါ်တဲ့ ပေါက်ကွဲနှုန်းမြင့်တဲ့ မီးလောင်ဗုံးလက်နက် အသုံးပြုခဲ့တယ်လို့ လူ့အခွင့်အ ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က မေလ ၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရိုက်ကူးထားတဲ့ဓာတ်ပုံ ၅၉ ပုံနဲ့ တိုက်ခိုက်ခံရတဲ့နေရာကို ရိုက် ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေကို စစ်ဆေးကြည့်ရှုပြီးနောက် အခုလို ပြင်းအားမြင့် မီးလောင်ဗုံးအမျိုးအစားနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်ဆိုတာ အကဲဖြတ်နိုင်ခဲ့တာလို့ HRW က ပြောပါတယ်။
အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးအောင် မဆင်မခြင်လုပ်ဆောင်မှုဖြစ်ပြီး နိုင်ငံတကာလူသား ချင်းစာနာမှုဥပဒေကို ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ HRW က ဆိုပါတယ်။
Thermobaric weapons လို့ခေါ်တဲ့ ပြင်းအားမြင့်ဗုံးတွေကို အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအရ ပိတ် ပင်ထား တာမရှိပေမယ့် အရပ်သားတွေအပေါ် တိုက်ခိုက်မှုပြုလုပ်ရာ အသုံးပြုတာဟာ စစ်ရာဇဝတ်မှုမြောက် တယ်လို့ HRW က ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှုပိတ်ပင်ဖို့၊ စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲ ပြောင်းပေးဖို့ နဲ့ မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်အရေးယူဖို့ HRW က ကုလ သမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။
“မြန်မာစစ်ကောင်စီရဲ့ ရုန့်ရင်းကြမ်းတမ်းသော စစ်ဆင်ရေးတွေဟာ စစ်လက်နက်တွေ ဝယ်ယူနိုင်စွမ်းအ ပေါ် မူ တည်နေပါတယ်” လို့ HRW က ဆိုပါတယ်။
မြန်မာစစ်ကောင်စီနဲ့ပတ်သက်ပြီး အလုပ်မဖြစ်တဲ့ ချည်းကပ်နည်းတွေကို ပြန်လည်စဉ်းစားဖို့နဲ့ ပြင်းပြင်း ထန်ထန် အရေးယူဖို့ အာဆီယံနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လိုအပ်နေပြီလို့ HRW က ပြောပါတယ်။
ဓာတ်ပုံ – The Jakata Post
ကိုးကား – AFP
Ref; Myanmar military used ‘vacuum bomb’ in village air strike: HRW