ဧရာဝတီတိုင်းမ်
မေလ ၁၀ ရက်

စစ်ကောင်စီအုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အရှိန်မြှင့်လာမှုက ဒေသတွင်း ထိပ်သီးဆွေး နွေးပွဲကို စိုးမိုးနေတာကြောင့် အာဆီယံနိုင်ငံတွေက ဆုံးဖြတ်ရမယ့်အချိန်ကို ရောက်နေပြီလို့ ဆိုပါတယ်။

“အာဆီယံအဖွဲ့ဟာ ဆုံးဖြတ်ရမယ့်အခြေအနေ ရောက်ရှိနေပါပြီ” လို့ အာဆီယံထိပ်သီးဆွေးနွေးပွဲ ပထမ ရက်မှာ အင်ဒိုနီးရှား နိုင်ငံရေး၊ ဥပဒေနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး မာဖွတ်အမ်ဒီက သတိ ပေးလိုက်ပါတယ်။

“မြန်မာ့အကျပ်အတည်းက အသိုင်းအဝိုင်းတစ်ခုဖြစ်တဲ့ အာဆီယံရဲ့အင်အားကို စမ်းသပ်နေပါတယ်။ မြန် မာ့အရေးကို မဖြေရှင်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ဆက်စပ်မှုကို အန္တရာယ်ဖြစ်လာစေလိမ့်မယ်။ မြန်မာဟာ အာ ဆီယံအဖွဲ့အတွင်း အရေးပေါ်အခြေအနေတွေ ရင်ဆိုင်နေရတဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအပေါ် စစ်ကောင်စီရဲ့ ပြီးခဲ့တဲ့လအတွင်း လေ ကြောင်းတိုက်ခိုက်မှုက စစ်ရာဇဝတ်မှုတစ်ခု ဖြစ်နိုင်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ ပြီး စစ်တပ်ရဲ့ငွေစီးဆင်းမှုကို ဖြတ်တောက်ရေး ပြင်းထန်သော အစီအမံတွေလုပ်ဆောင်ဖို့နဲ့ စစ်ကောင်စီကို ပြုပြင် ပြောင်းလဲရေး ဖိအားပေးဖို့ အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဘုံသဘောတူညီချက် ဖော်ဆောင်ရေးကို ဆွေးနွေးခဲ့တယ်လို့ အင် ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ထိုင်ခုံနေရာကို အ လွတ်ထားခဲ့တာ တွေ့ရပါတယ်။ တရုတ်နဲ့ အာဆီယံနိုင်ငံတွေက မြန်မာ့အရေး ဖြေရှင်းဖို့ ဉီးဆောင်ကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုအပေါ် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုကို ကြိုဆိုပေ မယ့် အာဆီယံအဖွဲ့ကသာ ဉီးဆောင်သင့်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အင်းနရစ်မန်နာလိုက ယနေ့ ပြောပါတယ်။

ကိုးကား – AFP
Ref; ASEAN at a ‘crossroad’ as Myanmar violence escalates