ဧရာဝတီတိုင်းမ်
ဧပြီလ ၂၈ ရက်
ပြည်သူများ၏နေအိမ်အတွင်းရပ်ထားသည့် ဘတ္တရီစက်ဘီးများကို စစ်ကောင်စီတပ်သားများက ၀င်ရောက်သိမ်းဆည်း ယူဆောင်သွားမှုများ ရန်ကုန်မြို့တွင် ကြုံတွေ့နေရကြောင်း
မျက်မြင်ပြည်သူအချို့ထံက သိရသည်။
ယမန်နေ့ ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ ပြည်သူတစ်ဦး၏ဘတ္တရီစက်ဘီးကို စစ်ကောင်စီတပ်မှ သိမ်းယူသွားမှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
“စက်ဘီးကလမ်းမှာသွားလာနေချိန်ဖမ်းခံရတယ်ဆိုရင် တစ်မျိုးပေါ့။ ခုဟာက အိမ်ထဲရပ်ထားတာ။ အဲဒါကို တွေ့သွားပြီး ၀င်ယူပြီး ကားပေါ်တင်သွားတယ်။ ပိုင်ရှင်ကိုတော့ ဘယ်လိုပြောသွားလဲတော့မသိဘူး။ ကျွန်တော်တွေ့လိုက်တာတော့ ကားပေါ်မှာလည်း နောက်ထပ် သုံးလေးစီးလောက်ရှိတယ်။ အပြင်မှာ ပေါက်ဈေးက တစ်ဘီးကို အနည်းဆုံး သုံးသိန်းလောက်ရှိတယ်”ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးမှ ဧရာ ၀တီတိုင်းမ်ကို ပြောသည်။
သိမ်းဆည်းယူဆောင်သွားသည့် အဆိုပါဘတ္တရီစက် ဘီးကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွင် လာရောက် ရွေးယူရန် ယနေ့နံနက်ပိုင်းက အကြောင်း ကြားသဖြင့် သွားရောက်ယူဆောင်ရာတွင် ဒဏ်ငွေတစ်သိန်းပေး ဆောင်ခဲ့ရကြောင်း သိရသည်။
ဧပြီ ၂၂ ရက်နေ့ နေ့ လယ်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ်၊ အောင်ရတနာဆေးရုံအနီးတွင် စစ်ကောင်စီခန့် ရွေးကောက် ပွဲကော်မရှင် ဒုညွှန်ချုပ်၊ ဒုဗိုလ်မှူးကြီး(ငြိမ်း)စိုင်းကျော်သူကို တော်လှန် ရေးရဲဘော်များမှ ဘတ္တရီစက် ဘီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု CCTV မှတ်တမ်းတစ်ခု ကလူမှုကွန်ယက်တွင် ပေါ်ထွက်လာပြီးနောက်ပိုင်း ရန်ကုန်မြို့တွင်းတွင် ဘတ္ထရီစက်ဘီးစီးနင်းသူများကို စစ်ဆေး ဖမ်းဆီမှုများ စစ်ကောင်စီတပ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင် ပျောက်ကျားတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကို ကြောက်ရွံ့စိုးရိမ်သည့် စစ်ကောင်စီ သည် ရန်ကုန်တစ်ဖက်ကမ်းရှိ ဒလ၊ တွံတေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များတွင်လည်း ဆိုင်ကယ်မစီးရန် ပိတ်ပင်တားမြစ်ထားသည်။
#ဘတ္တရီစက်ဘီး #စစ်ကောင်စီ #အိမ်ထဲ၀င်ရောက်သိမ်းဆည်း
#Ayeyarwaddy_Times