ဧရာဝတီတိုင်းမ်
ဧပြီလ ၁၄ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းက ချောင်းသာနဲ့ငွေဆောင်ကမ်းခြေကို သင်္ကြန်ကာလအတွင်းလာရောက်လည်ပတ်သူတွေ များပြီး ဧပြီလ ၁၄ ရက်(သင်္ကြန်အကျနေ့)မှာပိုများနေတယ်လို့သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကျင်းပတဲ့သင်္ကြန်ပွဲတော်ကို မဆင်နွှဲဖို့ တောင်းဆိုမှုတွေရှိနေပေမဲ့ ချောင်းသာနဲ့ငွေဆောင်ကမ်းခြေမှာတော့ သင်္ကြန်ပွဲတော်ပိတ်ရက်အတွင်းကိုယ်ပိုင်မော်တော်ယာဉ်များနဲ့ ကမ်းခြေကို လာရောက်လည်ပတ်ကြတာဖြစ်ပြီး ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ လူအများနဲ့စည်ကားနေတယ်လို့ ဒေသခံများကပြောပါတယ်။
” သင်္ကြန်ရက်ကတော့ ဧည့်သည်အပြည့်က ပုံမှန်ပါ၊ တချို့ဆို အခန်းမရလို့ နေ့ချင်းပြန်ရတာတွေလည်းရှိတယ်၊ အခန်းတွေ မရတော့လို့ ဘုန်းကြီးကျောင်းအိပ်တဲ့သူတွေလည်းရှိတယ်”လို့ ချောင်းသာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကမ်းခြေဒေသကိုသင်္ကြန်ကာလအတွင် လာတဲ့သူတွေအများစုဟာ နယ်ဝေးကလာတဲ့သူတွေများတာကြောင့် လမ်းမှာ မကြာခဏ ယာဥ်တိုက်မှုတွေလည်း ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
#ချောင်းသာ #ငွေဆောင် #သင်္ကြန် #ခရီးသွားဝင်ရောက်မှု #Ayeyarwaddy_Times