ဧရာဝတီတိုင်းမ်
ဧပြီလ ၆ ရက်
အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံနေ တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဧပြီလ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေပြုလုပ်တဲ့အခါမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံဖို့ အင်ဒိုနီးရှားနိုင်ငံက ဘယ်တော့မှ မပျက်ကွက်ခဲ့ဖူးလို့ သူက ဆိုပါတယ်။
“မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့ ကျွန်မတို့ ထိတွေ့ဆက်ဆံတဲ့အခါမှာ အရပ်သားသေဆုံးမှုတွေ မြင့် တက်စေတဲ့ အကြမ်းဖက်မှုတွေ တိုးလာလို့ အကြမ်းဖက်မှုနဲ့ အင်အားသုံးတာတွေ ရပ်ဆိုင်းဖို့ အင်ဒိုနီးရှားနိုင်ငံက ဆက်လက် တောင်းဆိုပါတယ်” လို့ ရတ်နိုမာဆူဒီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံက ဘယ်လိုသက်ဆိုင်သူတွေနဲ့ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ရတ်နို မာဆူဒီက အသေးစိတ်မပြောကြားခဲ့ပါဘူး။
ဘုံသဘောတူညီချက်မှာ ဖော်ပြထားတဲ့ အာဆီယံ အကူအညီပေးရေးစင်တာ (AHA Center) ရဲ့ အကူအ ညီပေးမှုနဲ့ပတ်သက်လို့ တိုးတက်မှုအချို့ရရှိခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံက ကြေညာခဲ့ပါတယ်။
“အင်ဒိုနီးရှားနိုင်ငံရဲ့ ကြားဝင်မှုနဲ့ အာဆီယံ အကူအညီပေးရေးစင်တာက သက်ဆိုင်သူများစွာနဲ့ ဆွေးနွေး ခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ပြီးခဲ့တဲ့လအတွင်း တံခါးပိတ်အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီထံ တင်ပြခဲ့ပါတယ်။
“အင်ဒိုနီးရှားနိုင်ငံက ပထမဆုံးအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ မြန်မာ့အိမ်နီးချင်းတွေအပြင် အ ခြားနိုင်ငံတွေ အပါအဝင် အထူးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အထူးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အာဆီယံ ဥက္ကဌ၊ အာဆီယံဗဟိုပြုမှုနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အလေးအနက် ထောက်ခံတယ်လို့ ရတ်နိုမာဆူဒီက ဆို ပါတယ်။
ကိုးကား – Jakarta Globe
Ref; Indonesia Continues to Engage with Stakeholders on Myanmar Crisis